Ch-35 p2

719 30 4
                                    

Unicode
...
Hidden god shen yin
Chapter (35) Part 2
...

"သူက ရည်ရွယ်ချက်ရှိရှိပြဿနာတွေရှာနေတာမလို့!"

"ဟင် ဒါဆိုသူက ဖီးနစ်သစ်ပင်ရဲ့နှလုံးသားကိုတမင်တကာစားပစ်တာပေါ့!"

"ဟုတ်တယ်!"
ကူချင်းကခေါင်းညိမ့်ကာ အတိတ်ကအကြောင်းတွေကိုပြန်ပြောပြလိုက်၏။

"ချန်းချင်က မြေခွေးမျိုးနွယ်ရဲ့ ဧကရာဇ်မဟုတ်ဘူး!။ သူက မိစ္ဆာဘုရင်ရဲ့သား မော့ရီယွီရဲ့ထောင်ချောက်ထဲမှာ နှစ်ထောင်ချီကြာမိနေခဲ့တာ။ အဲ့ချိန် မြေခွေးမျိုးနွယ်ရဲ့ဧကရာဇ်က ဝမ်ဟုန်ရွှမ်းပဲ။ ကျားမျိုးနွယ်ကိုကျော်ပြီးတော့တောင် မြေခွေးတွေက အင်အားကြီးလာခဲ့တာပေါ့။ ဒါပေမဲ့..."

ကူချင်းကခဏရပ်လိုက်သည်။

"ကံဆိုးချင်တော့ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက နတ်နဲ့မိစ္ဆာစစ်ပွဲကြီးဖြစ်ခဲ့တယ်လေ။ အဲ့စစ်ပွဲမှာ ဟုန်ရွှမ်းကော သူ့ဘေးမှာရှိနေခဲ့တဲ့ဇနီးဖြစ်သူကော နတ်စစ်သူကြီးရဲ့လက်အောင်မှာကျဆုံးခဲ့ကြရတယ်!။ ဟုန်ရွှမ်းသေပြီးတဲ့နောက်ကျမှ ချန်းချင်က မျိုးနွယ်စုခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတာ"

"ဒါဆို ရှင်ပြောချင်တာက အားကျိုရဲ့မိဘတွေကို နတ်လောကသားတွေကသတ်ပစ်ခဲ့တာပေါ့?"

"အင်း...အဲ့တုန်းက ဧကရီဝူဟွမ်းက မိစ္ဆာလောကကိုကျူးကျော်စစ်စတင်ခိုင်းခဲ့တာ"

အားကျိုကဘာလို့ မင်းသမီးကျင်းကျောက်ကို ဘာလို့ခါးခါးသီးသီးဖြစ်နေရလဲဆိုတာ အားယင်နားလည်သွားသည်။ ဒါကြောင့်မလို့လဲ သူက မင်းသမီးကျင်းကျောက်စိတ်တိုအောင် ဧကရီဝူဟွမ်းရဲ့ မကောင်းကြောင်းတွေပဲရွေးပြောခဲ့တာဖြစ်မည်။ သူ့ရင်ထဲအမုန်းတွေကတော့အပြည့်ရှိနေမှာပဲ!။

ဒါပေမဲ့ နှစ်ရာပိုင်းလောက်အတွင်းမှာပဲ ရှေးနတ်ဘုရားများက ဧကရီဝူဟွမ်းကို နယ်နှင်ဒဏ်အပေးကာ အပြစ်ခံယူစေခိုင်းခဲ့၏။ ဒါကြောင့် အားကျိုက လက်စားချေမရတော့ပေ။ သူတတ်နိုင်တာဆိုလို့ နတ်လောကပိုင်ဖီးနစ်သစ်ပင်အား ဖျက်ဆီးပစ်မှသာမိဘတွေရဲ့ရန်ငြှိုးကို ပြေပျောက်စေမည်ဟုတွေးထားပုံပေါ်သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now