Ch-18 part2

361 35 6
                                    

Unicode
....
Hidden god shen yin
Chapter(18) part 2
...

ကြည့်ပြီးချိန်မှာတော့ သုံ့ဟွာစိတ်ထဲကနေပဲထောက်ခံမိသည်။ ဒီကောင်မလေးက လူကောင်းဖြစ်ပြီး သူမရဲ့ခန္ဓာကိုယ်ထဲမှာလည်း ချီစွမ်းအင်တွေအပြည့်ရှိနေ၏။ ကောင်မလေးဟာငယ်ရွယ်ပြီး စွမ်းအားပြည့်မသုံးနိုင်သေးသော်လည်း တုန်ယင်ကြောက်ရွံ့ခြင်းတော့အလျဉ်းမရှိ။ သူမရဲ့သီးသန့်နေတတ်တဲ့အကျင့်လေးကိုက တခြားဝိဉာဉ်သားရဲများနဲ့မတူ ကွဲပြားလျက်ရှိသည်။

"တပည့်လေး...ဒါမင်းမွေးထားတယ်ဆိုတဲ့ ဝိဉာဉ်သားရဲလေးလား?"

"ဟုတ်ပါတယ်ဆရာ"
ကူချင်းက ခေါင်းညိမ့်ပြပြီး အားယင်ကို သုံ့ဟွာရှေ့သို့လက်ဆွဲခေါ်လာသည်။

"ဆရာ, ကျွန်တော်အားယင်ကို တားမြစ်ချိုင့်ဝှမ်းထဲက လှိုဏ်ဂူတစ်ခုမှာတွေ့ခဲ့တာပါ။ အဲ့ချိန်သူမက ဥခွံထဲကပေါက်ခါစပဲရှိသေးတယ်။ သူမ အကောင်ပေါက်ဖြစ်လာတဲ့အထိ ကျွန်တော်ကိုယ်တိုင်နှစ်ဝက်လောက်ပျိုးထောင်ပေးခဲ့ရတာ။ နောက်ပြီး သူမကငယ်လဲငယ်သေးတော့ တာ့ကျဲတောင်ရဲ့စည်းကမ်းတွေကိုနားမလည်သေးဘူး။ ဒါမဲ့ တခြားတပည့်တွေနဲ့သေချာသင်ယူလိုက်ရင်တော့ သူမက သင်လွယ်တတ်လွယ်ပါတယ်"

ကူချင်းကပြောလဲပြော အားယင်ကို သုံ့ဟွာရှေ့သို့တိုးပေးလိုက်သည်။"အားယင်, ဆရာ့ကိုအရိုအသေပေးလိုက်ပါအုံး"

အားယင်က လူပုံအသွင်ပြောင်းနိုင်သည့်အချိန်ထိ တားမြစ်ချိုင့်ဝှမ်းထဲမှာပဲနေလာခဲ့ရသူဖြစ်တာကြောင့်  ကူချင်းတစ်ယောက်ထဲနဲ့သာ နီးနီးကပ်ကပ်နေဖူး၏။ ထို့အတူ တာ့ကျဲတောင်နဲ့ တခြားသောနတ်လောကတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသူမနားမလည်ပေ။ ဒါကြောင့် ရှေ့ကကူချင်းလုပ်သွားသလို ခါးလေးကိုအနည်းငယ်ညွတ်ကာ သုံ့ဟွာအားနှုတ်ဆက်လိုက်သည်။

"အားယင်, ဆရာ့ကိုနှုတ်ဆက်ပါတယ်"

အားယင်ရဲ့စကားကိုကြားတာနဲ့ အခန်းထဲကလေးယောက်စလုံး ကြောင်သွားကြ၏။ သူမက တော်တော်လေးအထက်စီးဆန်တာပဲ။ သုံ့ဟွာလိုနတ်မင်းတစ်ပါးကို သူမကကူချင်းလုပ်သလိုမျိုး ခါးလေးညွတ်ရုံနဲ့ အရိုအသေပေးရသလား?။ နောက်ပြီး အလွယ်တကူဆရာလို့လဲခေါ်လိုက်သေးသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now