Ch-2 part 2

1.6K 86 3
                                    

Unicode
...

Hidden God Shen yin
chapter(2) part (2)
...
အားယင်ကြည့်နေရင်းမှာပဲ သူမခြေထောက်အောက်က ကျောက်သားတွေဟာ တလက်လက်တောက်ပလာပြီး ဝမ်ချွမ်းမြစ်တလျှောက် ကြီးမားသောလှိုင်းလုံးကြီးများပေါ်ပေါက်လာသည်။

"ရှို့ရန် , ကျွန်မပြောတာက ပိစိလေးကူညီဖို့ပြောတာလေ! ဒါ...ဒါကြီးက တအားများမနေဘူးလား?"

ကျယ်လောင်တဲ့အသံတွေနဲ့ ဒီစွမ်းအားက မြေအောက်ကမ္ဘာရှိ နိုင်ဟဲ့တံတားကိုတောင် ဖျက်ဆီးပစ်တော့မလား စိုးရိမ်ရ၏။ သူမဒီလိုအကူအညီတောင်းလိုက်တာကို ဝိဉာဉ်လောကအရှင်သခင်သာသိရင် သူမကိုဖမ်းဆီးပြီး မီးမြှိုက်ပစ်လိုက်လေမလား?။ အာ...သူမရဲ့ဘဝလေးက ခုမှအေးအေးချမ်းချမ်းနေရဖို့အစပျိုးရုံရှိသေးတာလေ! မဖြစ်ဘူး အားအား!!!

ထိုအချိန် နားပါးသောရှို့ရန်က အားယင်ဘက်ကိုလှည့်ကြည့်လာသည်။ အားယင်ကအပြင်ဘက်မှာသာ အေးဆေး့ဖစ်နေပုံရတာ။ အတွင်းစိတ်ထဲမှာတော့ ဗလောင်ဆူနေပြီမှန်း ရှို့ရန်သိ၏။ ဒါကြောင့်ခဏအကြာတွင် မြစ်ပြင်ကျယ်ဆီသို့ အားယင်အားမေးငေါ့ပြလိုက်သည်။

"ခုန်ချလိုက်! မင်းလိုချင်တာရမရကို သေချာသိအောင်လုပ်!"

အားယင်လည်း မြန်မြန်လူဝင်စားပြီး မြန်မြန်ထွက်သွားချင်နေပေမဲ့ သူမဘဝအကြောင်းကိုခုချိန်ထိတွေးတောနေဆဲပင်။ ဒါကြောင့်သူမမျက်နှာဟာ အာရုံစူးစိုက်လိုက်သည့်အသွင်ပေါက်သွားပြီး ရှို့ရန်ကိုမေးလိုက်သည်။

"မုန့်ပေါ်စွပ်ပြုတ်ကိုသောက်ဖို့မလိုတော့ဘူးလား?"

"မလိုဘူး!"

ရှို့ရန်က သူ့လက်ကိုခါပြလိုက်သည်။ တချိန်လုံးလိုလို စိတ်မပါလက်မပါဟန်ပေါက်နေသောမျက်ဝန်းများက ဒီတခါမှာတော့ ရွှန်းစိုနေလေ၏။

"အားယင်, နောက်ဘဝကျရင်တော့ မင်းလိုချင်တဲ့ဘဝမျိုးပိုင်ဆိုင်နိုင်မှာပါ။ အရင်ကဆိုမင်းတခါဝင်စားတိုင်း အတိတ်ကအကြောင်းတွေ ပြန်ပြန်မှတ်မိနေရတာ!"

အားယင် ရင်ထဲမှာကြိတ်ပျော်ရွှင်သွားပြီး တံတားပေါ်ကို ဖြတ်လျှောက်လိုက်သည်။ သူမအတွက် ရိုးရှင်းသောသာမာန်ဘဝလေးတခုကစောင့်မျှော်နေလေပြီ။ ထိုအချိန်မှာပဲ သူမနောက်ဘက်ကလေတချက်တိုက်လာပြီး လှမ်းခေါ်သံသဲ့သဲ့ကိုကြားလိုက်ရ၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now