Ch-50

345 18 0
                                    

Unicode
...
Hidden god shen yin
The last immortal - ၅၀
...

တိတ်တဆိတ်ရပ်နေသော လင်းယုန်ငှက်မျိုးနွယ်မင်းသမီးယန်ရွှမ်းဟာ ဟွားရှုရဲ့စကားကိုကြားတော့ အေးစက်စက်ပဲပြန်တုံ့ပြန်လိုက်သည်။ သူမရဲ့မျက်နှာမှာလည်း နှစ်ခြိုက်ဖွယ်အပြုံးလှလှလေးကို ဆင်မြန်းထား၏။

"ဘာပဲဖြစ်ဖြစ် ငါတို့ကအိမ်နီးချင်းတွေပဲမဟုတ်ဘူးလား?။ ဥဒေါင်းငှက်ဘုရင်ဟွားမော့ရဲ့မွေးနေ့ကို ငါ့အဖေအစားဂုဏ်ယူဖို့လာတာ အဆန်းတကျယ်မှမဟုတ်ဘဲလေ။ အခု နင့်ရဲ့စေ့စပ်ပွဲအကြောင်းပါပါလာပြီဆိုတော့ ဂုဏ်ပြုသေရည်လေးတော့ aသာက်သွားသင့်တာပေါ့!"

လင်းယုန်ငှက်မျိုးနွယ်ရဲ့မင်းသမီးလေးဟာ သူမရဲ့ဖခင်ယန်ချိုးလိုပဲ အေးတိအေးစက်နိုင်ကာပြတ်သားသည်။ ထို့ပြင်လင်းယုန်ငှက်မျိုးနွယ်တွေက နတ်လောကသားတွေနဲ့အဆက်အဆံသိပ်မရှိဘဲ သီးခြားနေတတ်သည့်အကျင့်ရှိသည်။ ဒါကြောင့် နတ်လောကမှာ ဥဒေါင်းမျိုးနွယ်တွေကိုသာ လူသိများပြီး လင်းယုန်ငှက်တွေထဲမှာတော့ အကြီးအကဲတွေလောက်ကိုပဲ လူသိကြ၏။

"လင်းယုန်ငှက်ဘုရင်က ဂုဏ်ပြုခိုင်းတယ်ဆိုတော့ ငါဖြင့်နေတောင်မနေတတ်တော့ဘူး!"

ဟွားမော့ဟာမထီတထီဟန်ဖြင့် ပြောလိုက်သည်။

"တာ့ကျဲတောင်ရဲ့တပည့်မလေးကို လမ်းမှာကာကွယ်ပေးခဲ့တယ်ဆိုတော့ မင်းကိုဒီတိုင်းတော့နှင်မထုတ်ပါဘူး။"

ဟွားမော့ လင်းယုန်ငှက်မင်းသမီးကို အရေးမပါသလိုဆက်ဆံတာက အထူးအဆန်းကိစ္စတော့မဟုတ်ပေ။ ဘာလို့ဆို လွန်ခဲ့တဲ့နှစ်ရာချီစစ်ပွဲမှာတုန်းက လင်းယုန်တို့ထက် ဥဒေါင်းငှက်တွေဟာပိုအထိနာခဲ့သည်။ အထူးသဖြင့် ဟွားမော့က အတွင်းအားအမြုတေထိခိုက်ခဲ့ရပြီး ပင်မချီသွေးကြောပျက်စီးသွားခဲ့၏။ ပြန်ကောင်းဖို့ကလည်းကြာရှည်မှာမို့ သူအခုနတ်စွမ်းအားကိုတောင် မသုံးနိုင်သေးချေ။

"အရှင်မင်းကြီး, ကိုယ့်အိမ်ကိုလာလည်တဲ့လူတိုင်းက ဧည့်သည်တွေပါပဲ။ ပြောတာကြားဖူးတာတော့ ဥဒေါင်းငှက်တွေကဖြောင့်မတ်ပြီး အမှန်တရားကို လိုက်နာကြတယ်ဆို! အခုကျ ဧည့်သည်ကိုတောင်တာဝန်ကျေပွန်အောင် ဧည့်ခံမပေးနိုင်ပါလား?။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now