Ch-15 part2

267 28 0
                                    

Zawgyi
...

Hidden god shen yin
Chapter(15) part 2
...

"ဒီသုံ့ဟွာက အမြင်ရှိသားပဲ!
အားချီရဲ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်"

ကျိဟန်က အမြန်အဆန်ပြောလိုက်ပြီး ဝူးထူံတောအုပ်ရဲ့အပေါ်စီးကနေကြည့်ကာ သုံ့ဟွာကိုချီးကျူးနေသည်။
"ငါက ဘယ်တုန်းကများလူရွေးမှားခဲ့ဖူးလို့လဲ?"

ထျန်းချီက ဖုန့်ရန်ကိုပါလက်ညှိုးထိုးပြပြီး ညစ်ကျယ်ကျယ်ပြောလိုက်၏။

ဝိဉာဉ်ပြန်လည်ရှင်သန်ခြင်းမျှော်စင်သည် ရှားပါးပစ္စည်းတစ်မျိုးပင်။ အရင်တုန်းကတော့ ဟောက်ချီ(ရှန့်ကူ)မှာတစ်ခုရှိပြီးတော့ ထိုအရာက သုံးလောကရှိအရာအားလုံးကိုက ပြောင်းကပြန်ဖြစ်စေတာကြောင့် အမည်မဲ့ကမ္ဘာဆီ နှင်လွှတ်ခံခဲ့ရသည်။ ဒဏ္ဍာရီလာစကားတွေအရတော့ ဒီဝိဉာဉ်ပြန်လည်ရှင်သန်ခြင်းမျှော်စင်ကို လက်ဝယ်ပိုင်ဆိုင်ထားရသူဟာ နတ်ဘုရားအဖြစ်ကို လွယ်လင့်တကူရောက်ရှိနိုင်မည်ဟုပင်။

သို့သော် ဒီလိုရှေးဟောင်းပစ္စည်းကသုံ့ဟွာလက်ထဲရှိနေမယ်လို့တော့ ဘယ်သူကမှတွေးထင်မထားပေ။ ဒါကြောင့်လူအုပ်လည်း သုံ့ဟွာလက်ထဲက မျှော်စင်လေးကိုကြည့်ကာ မျက်လုံးများပြူးဝိုင်းသွားကြ၏။ ထိုအထဲတွင်ဖုန့်ရန်တောင်မှ နဲနဲလေးအံ့အားသင့်သွားပုံရသည်။

ကူချင်းက သုံ့ဟွာလက်ထဲရှိအရာကိုမြင်တော့ ဆရာဖြစ်သူရဲ့ရည်ရွယ်ချက်ကိုနားလည်သွားပြီး မျက်လုံးများနီရဲလာတော့သည်။

"လော့ရှန်းကျွင်း, ဒါကဘာအဓိပ္ပါယ်ပါလဲ?"

ဖုန့်ရန်က သုံ့ဟွာကိုကြည့်ပြီးပြောလာသည်။

"အရှင်... ဝိဉာဉ်က သုံးလောကမှာ တကွဲတပြားစီပြန့်ကြဲနေတာ ကျွန်တော်သိပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်မပြောနဲ့ တခြားတာ့ကျဲတောင်ကလူတွေစုပေါင်းပြီး ဖြေရှင်းဖို့ဆိူတာတောင်မလွယ်ကူလှပါဘူး။

ဒါပေမဲ့ ရှောင်ဖုန့်ကျွင်းက သေဆုံးသွားတာမှန်ပေမဲ့ သူမရဲ့ရုပ်ခန္ဓာက ဒီမှာခုထိရှိနေတုန်းပဲလေ!။ ဒါကြောင့် ကျွန်တော်က ဒီမျှော်စင်ကို ရှောင်ဖုန့်ကျွင်းဆီလက်ဆောင်အဖြစ်ပေးအပ်ချင်ပါတယ်။ ရုပ်ခန္ဓာမပျက်စီးသေးတဲ့ရှောင်ဖုန့်ကျွင်းအတွက် ဒီအရာက ဝိဉာဉ်စွမ်းအားတွေပြန်စုစည်းပေးဖို့ အထောက်အကူပြုပေးမှာပါ။ ဒါကြောင့် သူမသာ ဆက်ခံသူအဖြစ်နဲ့ ရာထူးဆက်ခံဖို့ပြန်လာတဲ့အခါကျရင် နှစ်ထောင်ချီကြာ အကြိတ်အခဲစမ်းသပ်မှုတွေကိုပါ ကျော်ဖြတ်ပြီးသားဖြစ်သွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now