Ch-32

289 27 0
                                    

Hidden god shen yin
Chapter (32) part 1
.....

လွန်ခဲ့တဲ့နှစ်ခြောက်သောင်းကစလို့ခုချိန်ထိ လောကသုံးပါးကိုအုပ်ချုပ်ခဲ့သူနှစ်ဦးသာရှိသည်။

ပထမဆုံးကောင်းကင်ဧကရာဇ်မှာ ရှေးနတ်ဘုရားများကိုယ်တိုင်ရွေးချယ်တင်မြှောက်ခဲ့သော ရွှေရောင်နဂါးမျိုးနွယ် ရှီးလုံပင်ဖြစ်၏။ သူက နှစ်အတော်ကြာသုံးလောကကို ညီတူညီမျှအုပ်ချုပ်နိုင်ခဲ့သည်။ လက်ရှိအုပ်ချုပ်သူကတော့ ရှီးလုံသေဆုံးသွားပြီးတဲ့နောက် ရာထူးဆက်ခံခဲ့သော ဖုန့်မျိုးနွယ်ဧကရာဇ်ဖုန့်ရန်ဖြစ်၏။ သူမက ကံကြမ္မာရဲ့ရိုက်ခတ်မှုဒဏ်တွေကို အလူးအလဲခံခဲ့ရပေမဲ့လည်း ဧကရာဇ်တစ်ပါးအဖြစ်ကို ရောက်အောင်တက်လှမ်းနိုင်သည်မှာ ချီးကျူးစရာပင်။

သူမကစကားနည်းပေမဲ့လည်း တခါတရံမိုက်ရူးရဲဆန်တတ်သလို အုပ်ချုပ်နိုင်သောခွန်အားလည်း အပြည့်ရှိသည်။ သူမက နန်းတက်ပြီးချိန်ကစလို့ သုံးလောကကိုအသစ်တဖန်စတင်စေခဲ့၏။ အခုတော့ သူမက ဝူးထုံကျွန်းမှာသာအနေများပြီး နတ်လောကကို လန်ဖုန့်ရှန်းကျွင်းနဲ့ ဖုန့် ဟောက် လေ့ တျန်း နတ်မင်းလေးပါးထံလက်လွှဲပေးထားသည်။

သူတို့အားလုံးဟာ သုံးလောကကို အတူတကွထိန်းချုပ်ပေးကြ၏။ ထိအြထဲကမှ လန်ဖုန့်ရှန်းကျွင်းဟာ နဂိုထဲက ဧကရာဇ်တစ်ပါးကံဇာတာနဲ့မွေးဖွားလာတာဖြစ်သလို ရာထူးကြီးပုဂ္ဂိုလ်များကပင် လေးစားရသူလည်းဖြစ်သည်။

အရင်ကောင်းကင်မင်းကြီး(ရှီးလုံနဂါးဧကရာဇ်)( ကျောက်ဖြစ်သွားတဲ့နဂါးကြီးပါ) မိသားစုမှာတော့ ဒုတိယသားတော် ကျင်းကျန်းက တိုက်ပွဲအတွင်းသေဆုံးသွားခဲ့ရပြီး ရှီးလုံကတော့ ကျောက်နဂါးအသွင်ပြောင်းသွားခဲ့သည်။ အကြီးဆုံးသားဖြစ်သူ ကျင်းရန်ကလည်း ပျက်သုန်းနယ်မြေဆီထွက်သွားခဲ့ပြီး တသက်လုံးပြန်မလာတော့ချေ။

အပြစ်သား မိဖုရားခေါင်ကြီးဝူဟွမ်းကတော့ ရှေးနတ်ဘုရားများရဲ့အပြစ်ပေးမှုကိုခံရကာ သုံးလောကမှာအရူးတစ်ယောက်လိုဟိုဒီလှည့်လည်နေပြန်၏။ ထို့အတူ တစ်ဦးတည်းသောမင်းသမီးဖြစ်တဲ့တချိန်ကအလှပဂေ ကျင်းကျောက်ကလည်းပျောက်ခြင်းမလှပျောက်နေသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now