Ch-17 part2

296 29 0
                                    

Unicode
..

Hidden god shen yin, Last Immortal
Chapter (17) part 2

ရှင်းရီက ကူချင်းမှာတဲ့စကားကိုပြန်ပြောနေရချိန် တကိုယ်လုံးတုန်ယင်နေသော်လည်း စစ်တုရင်ခုံအကြောင်းလောဘတက်နေတာကြောင့် ရဲဆေးတင်ထား၏။ ဒါတခုထဲနဲ့တင် သူက သေရင်သေပါစေ အဆုံးထိခေါင်းညိမ့်နေမည့်လူမျိုး!။

"မင်းစိတ်ကိုအေးအေးထားပြီး ကိုယ့်ကျင့်စဉ်ကိုပဲ အာရုံစိုက်သင့်တယ်။ လောလောဆယ် ဆရာဝမ်ကိုဖိတ်ပြီး ကျွမ်းပုရှန်းမန်မှာ ရေမိစ္ဆာလေးရဲ့နာမည်ကိုစာရင်းသွားပေးသင့် မပေးသင့် စဉ်းစားရအုံးမှာ!"

(''ကျင့်ကြံရမယ်...အာရုံစိုက်ရမယ်...တရားထိုင်ရမယ်")

ရှန်းရှန်ရဲ့စကားတွေကို တဖက်က ရှန်းကျူးကြားတော့ သူမျက်ခုံးအသာပင့်လိုက်ကာ ညစ်ကျယ်ကျယ်ကြည့်လာ၏။

ရှန်းရှန်က မမြင်တဲ့အချိန် သူ ရှင်းရီရဲ့ခေါင်းကိုပုတ်ချလိုက်ပြီး

"သွား! တျန်းအဆောင်တော်က ရှန်းမန်စာလိပ်ကိုယူခဲ့ချည်"
ထိုအခါ ရှင်းရီကပျော်သွားပြီး ချာခနဲလှည့်ထွက်ကာ စာလိပ်ယူဖို့ပြေးသွားတော့သည်။

"ဆရာတူညီလေး, တာ့ကျဲတောင်က တပည့်အသစ်ခန့်တာနဲ့ပက်သက်ရင် သေချာစီစစ်ရတယ်ဆိုတာ မင်းသိတယ်မလား?။ အဓိကအချက်က တပည့်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အခြေခံအုတ်မြစ်ကောင်းကောင်းပါရမယ်။ ဒီရေမိစ္ဆာလေးရဲ့မျိုးရိုးကဘာလဲဆိုတာတောင် သိရသေးတာမဟုတ်ပဲနဲ့ တောင်ရဲ့အတွင်းစည်းတပည့်အဖြစ်လက်ခံဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပဲ"

ရှန်းရှန်က အမြဲသတိနဲ့နေတတ်သူဖြစ်ကာ ရှန်းကျူးလိုပေါ့ပေါ့ပါးပါးနေတတ်သူထက် အတွေးများတာမဆန်းပေ။

"အစ်ကိုကြီးကလည်း ရေမိစ္ဆာတွေဆိုတာက ဟိုးရှေးကာလတွေထဲက သိမ်မွေ့ပြီး မြင့်မြတ်တဲ့မျိုးနွယ်လေ။ ဒီရေမိစ္ဆာလေးက ရှေးမျိုးရိုးကဆင်းသက်လာတာမဟုတ်ပေမဲ့ သူလဲမျိုးကွဲတွေထဲကတစ်ကောင်ပဲ။ ဒီတော့ ခုနကရှင်းရီပြောသလိုပဲ သူက ခုထိတောင် လူပုံအသွင်မပြောင်းနိုင်သေးဘူးဆိုတော့ အားချင်းရဲ့ဘေးမှာသာရှိနေရင် ဘာမှအနှောင့်ယှက်ပေးနိုင်မှာလဲမဟုတ်ဘူး။ အားချင်းကလည်း အပျင်းကြီးတော့ ခုထိ ရွှမ်းလီကိုတောင် မလေ့ကျင့်နိုင်သေး။ သူတောင်ပေါ်ကိုပြန်တက်လာဖို့ဆိုတာ ရွှမ်းလီကိုကိုပိုင်နိုင်မှတက်လာလို့ရမှာလေ။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now