Ch-29

204 27 0
                                    

Unicode
....
Hidden god shen yin
Chapter (29) Part 1
....

အားယင်ရဲ့အသံက ပကတိတည်ငြိမ်လျက်။

ကူချင်းလည်းသူမအမေးကိုကြားတော့ အံ့သြသွား၏။ သို့သော် တခြားသူတွေက အာရုံတစိုက်နားထောင်နေကြပေမဲ့ ကူချင်းကတော့ ပြောစရာစကားမရှိဖြစ်နေသည်။

သူ့ရင်ထဲမှာ အပြစ်ရှိစိတ်တို့ပြည့်နှက်နေပြီး ထုတ်ဖော်ပြောပြဖို့ဝန်လေးနေသလိုပင်။

"ဟွားရှု...တာ့ကျဲတောင်ကနေပြန်တော့ ငါသူ့ကိုထီးငှားပေးလိုက်မိတယ်"

ထိုအခါ အားယင်ရဲ့အမြဲလိုလို အေးချမ်းနေခဲ့တဲ့မျက်နှာလေးဟာဒေါသကြောင့် နီမြန်းလာတော့သည်။

"အမလေး တော်လိုက်တဲ့ကူချင်း,!! ကျွန်မမှာတော့ ရှင့်ဘက်ကနေကူပြီး အရှက်မရှိတွေပြောခဲ့ရတာ!!။ ရှင်ကတော့ တချက်လေးမှတောင် မတွေဝေဘဲ ပေးပစ်ရက်တယ်ပေါ့?

ကြည့်ရတာ အဲ့ဟွားရှုက ရုပ်လေးဗန်းပြပြီးလုပ်စားနေတာထင်တယ်! ရှင့်လိုလူကတောင် ဆရာပေးတဲ့နတ်လက်နက်ကို လျှောခနဲ ပေးပစ်ဝံ့တယ်ဆိုတော့လေ!"

"အားယင်, ဟွားရှုက ငါ့အပေါ်..."

"သိတယ်! သူကရှင့်ကိုဝူးထုံကျွန်းမှာတုန်းက ကောင်းကောင်းဆက်ဆံပေးခဲ့တယ် အဲ့တာပြောမလို့မလား?"

အားယင်က ကူချင်းကိုလုံးဝစကားဟခွင့်မပေးဘဲ ဖြတ်ဖြတ်ပြောပစ်လိုက်၏။

"ဒါပေမဲ့ ဖုန့်ယင်ရဲ့ဝိဉာဉ်ကို ပြိုကွဲစေတဲ့ကိစ္စကရော?။ ရှင့်မှာ ကြင်နာမှုနဲ့အရှက် နဲနဲလေးတောင် မရှိတော့ဘူးလား?။ အဲ့ဟွားရှုက ရှင့်ဘက်မှာ ဘယ်တုန်းကရှိပေးဖူးလဲ? ရှင့်မှာသာ ဖုန့်မျိုးနွယ်အပေါ် အကြွေးကြီးတင်သွားတာ။ သူကနဲနဲလေးတောင်ရှင့်ကိုကူညီပေးခဲ့တာမဟုတ်ဘူး!!။

ဆရာပြောဖူးတယ်။ ဖုန့်ယင်ရဲ့ဝိဉာဉ်က သုံးလောကမှာရှိတဲ့ဖီးနစ်သစ်ပင်တွေဆီမှာပြန့်ကျဲနေတာတဲ့!။ သူက ရှင့်ကိုနတ်လက်နက်ကိုပေးခဲ့တယ်ဆိုတာလည်း ဖုန့်ယင်ရဲ့ဝိဉာဉ်ရှာရင်း အကာအကွယ်အဖြစ် သုံးရအောင်လို့လေ!!

အခုပဲကြည့်! ကျူးယွေ့ဘုံကိုးဆင့်ထဲမှာ အန္တရာယ်တွေအများကြီးကြုံခဲ့ရတာ။ အားကျိုးနဲ့ လုံကျွင်းကြောင့်သာမရှိရင် ရှင်ရောကျွန်မရော သေနေလောက်ပြီ!။ ကျွန်မပြောပါအုံးမယ်! ရှင် မင်းသမီးဟွားရှုအတွက် အရမ်းကိုလူကြီးလူကောင်းပီသပြချင်နေတာမလား?။ ဒါဆို ရှင့်ဘဝထက်ပဲ အဲ့ဖြောင့်မတ်မှုကအရေးကြီးနေသလား?"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now