Ch-16 part2

275 26 0
                                    

Uncode
...

Hidden god shen yin
Chapter(16) part 2
...

ဒါကြောင့် ရှင်းရီဦးလေးဖြစ်သူကို သနားစဖွယ်ကြည့်ကာ ခေါင်းတခါခါဖြစ်မိသည်။

"ချစ်ဖို့မကောင်းပါဘူး။ ဦးလေးရဲ့အကောင်က အိုနေပြီ။ ဝိဉာဉ်သားရဲနဲ့တောင်မတူဘူး!"

ရှင်းရီက သူ့စိတ်ထဲရှိတဲ့အတိုင်းသာပြောလိုက်တာဖြစ်ပြီး သူ့မွေးရပ်မြေမှာတွေ့ဖူးသောအကောင်တွေနဲ့တောင် ယှဉ်ပြလိုက်သေးသည်။ဒါကြောင့် ရေမိစ္ဆာလေးရောကူချင်းပါ ရှင်းရီကို မျက်စောင်းတထိုးထိုးဖြစ်နေတော့၏။

"နေပါအုံး ဒီတားမြစ်ချိုင့်ဝှမ်းမှာ ဘယ်လိုလုပ်ပြီး သက်ရှိရှိနေရတာလဲ? အကိုကြီးပြောတာတော့ သခင်လေးအကျယ်ချုပ်မကျခင်ထဲက ဒီထဲကို ကြွက်မိစ္ဆာကိုတောင်ဝင်ခွင့်ပေးတာမဟုတ်ဘူးတဲ့!။ ဆရာဦးလေးရယ် အရင်ကလူကောင်းတစ်ယောက်ဘာလို့မဖြစ်ခဲ့ရတာလဲ?။ ဘာလို့ဝူးထုံကျွန်းကရှောင်ဖုန့်ကျွင်းဆီပြဿနာရှာခဲ့ရသေးလဲ?။

အခုတော့ကြည့်ပါအုံး...ကျွန်မမှာအရွယ်ငယ်ငယ်လေးနဲ့ ဒီထင်းစည်းကြီးကိုသယ်ပြီး ခြောက်လတခါရိက္ခာလာလာပို့နေရတာ။ ဆရာဦးလေးက တခုခုခိုင်းရင်လည်း ကျွန်မက တောင်ပေါ်ပြေးလိုက်တောင်အောက်ပြေးလိုက်နဲ့ ရှုပ်နေရောပဲ!"

ရှင်းရီရဲ့တပွစိစိအသံတွေကြားတော့ ကူချင်းရောရေမိစ္ဆာလေးပါ မျက်လုံးသေတွေနဲ့ကြည့်နေမိသည်။ ရှင်းရီက ရိုးသားတယ်ဆိုတာသိပေမဲ့ ခုလိုရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောနေတာကိုတော့ ကူချင်းစိတ်မရှည်ပေ။ ဒါကြောင့် လေရှည်တဲ့တပည့်ဖြစ်သူကို ကူချင်းစကားဖြတ်ရတော့၏။

"ဟုတ်ပြီကွာ! ဒီတခါ မင်းကျောက်စိမ်းသေရည်နှစ်အိုးစလုံးကိုသာယူသွားတော့။ ဆရာထွက်သွားတဲ့အခါကျရင် ငါလည်းတောင်ပေါ် ပြန်တက်လာခဲ့မှာ။ အဲ့အခါကျရင် ငါ့ရဲ့အကောင်းဆုံးစစ်တုရင်ခုံကို မင်းဆီအပိုင်ပေးမယ် ရပြီလား?"

ငယ်ရွယ်သေးတဲ့ရှင်းရီက စစ်တုရင်ကစားရတာကိုတော့ ခုံမင်သည်။ သူကျင့်ကြံရေးလမ်းစဉ်ကို စလျှောက်ကတည်းက သူမ ရွေးတဲ့လက်နက်အသုံးအဆောင်အများစုသည် စစ်တုရင်နဲ့ပက်သက်တာတွေများ၏။ ဒါကိုလည်းတာ့ကျဲတောင်ကလူတိုင်းသိကြသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now