Ch-38

150 7 1
                                    

Hidden god shen yin
The Last Immortal-38
...

ရှန်းရှန်က အားကျိုကို တာ့ကျဲတောင်မှာနေစေချင်ပေမဲ့လည်း သူ့ရင်ထဲကမေးခွန်းတွေရဲ့အဖြေကိုတော့ aသချာသိရမှဖြစ်မည်။ အားယင်နဲ့ကူချင်းဟာ ငယ်ရွယ်ပြီးအတွေ့အကြုံကောင်းများပိုင်ဆိုင်ထားကြ၏။ ထို့အတူ ကူချင်းရဲ့ပြောပြချက်အရ တချို့ကိစ္စတွေသိထားပြီးဖြစ်သော်လည်း အားကျိုဘယ်လိုများ ကျူးယွေ့ဘုံကိုးဆင့်ထဲဝင်နိုင်ရလဲဆိုတာက သူ့ကိုဒွိဟဖြစ်စေသည်။

နတ်မင်းထျန်းချီက ပျောက်ဆုံးနေသည့်အပြင် တောင်ပတ်လည်ကိုခေါင်းသုံးလုံးနဂါးက aစာင့်ကြပ်ထားသည့်အပြင် တောင်ကာရံအစီအရင်ကလည်း ခိုင်ခံ့သန်မာ၏။ ဒါဆိုဘာကြောင့်များ အားကျိုလိုမြေခွေးလေးတစ်ကောင်က တောင်ထဲဝင်နိုင်ရတာလဲ?။ ပိုထူးဆန်းတာက ကျူးယွေ့ဘုံကိုးဆင့်လိုနေရာမျိုးကြီးမှာတောင် သူဘယ်လိုများ အသက်ရှင်နေနိုင်ခဲ့ရတာလဲ?။

လူအုပ်ဟာ အားကျိုရဲ့အဖြေကို မျှော်တလင့်လင့်စောင့်စားနေကြပေမဲ့ သူတို့သိချင်တဲ့အဖြေကိုတော့ မရကြပေ။

"ဆရာ, ကျွန်တော် တကယ်ကိုမသိပါဘူး။ ကျွန်တော်တောင်အပြင်ဘက်က အစီအရင်ကိုထိမိလိုက်ချိန် မေ့လဲသွားခဲ့တာ။ ပြန်နိုးလာတဲ့အချိန်ကျတော့ ကျူးယွေ့ဘုံကိုးဆင့်ထဲကိုရောက်နေရော။ ကျွန်တော် ဘာကြောင့်ရောက်သွားလဲဆိုတာကို ခုထိနားမလည်နိုင်ဘူး။

ကျူးယွေ့ဘုံကိုးဆင့်ထဲက မိစ္ဆာတွေကအရမ်းရက်စက်ကြမ်းတမ်းတယ်။ ကျွန်တော်အသက်ဆက်နိုင်ဖို့ မိစ္ဆာအမြုတေကိုသုံးပြီးနေခဲ့ရတာ။ ဖီးနစ်သစ်ပင်ကြီးရဲ့နတ်စွမ်းအားကြောင့်သာမဟုတ်ရင် ကျွန်တော်ခုချိန် သေနေလောက်ပြီ။ ကူချင်းနဲ့အားယင်ရောက်လာတဲ့အချိန်ထိတောင် ကျွန်တော်စောင့်နိုင်မှာမဟုတ်တော့ဘူး!"

လူတိုင်းကစောင့်နေကြပေမဲ့လည်း သူတို့ကြားချင်တဲ့အဖြေကိုမရတော့ စိတ်ညစ်သွားကြသည်။ အားကျိုရဲ့ပုံစံကလည်းအတည်ပေါက်ဖြစ်နေတာကြောင့် လိမ်နေတာတော့ မဖြစ်နိုင်ပေ။

"အစ်ကိုကြီး, ကျွန်မနဲ့အားချင်းက အားကျိုကို ဖီးနစ်သစ်ပင်ကြီးအောက်မှာတွေ့ခဲ့တာ။ ကျွန်မတို့တွေ့တော့ သူကဒဏ်ရာတွေအများကြီးနဲ့ သေလုမြောပါးဖြစ်နေပြီ။ တကယ်လို့ကျွန်မတို့သာမကယ်ခဲ့ရင် မကောင်းဆိုးဝါးလက်ချက်နဲ့ သေရတော့မှာ။"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now