Ch-44

121 10 0
                                    

Unicode
...
Hidden god shen yin
The Ladt immortal - ၄၄
...

"ဘယ်လို? ကျင့်ကြံဆင့်နိမ့်တဲ့ မြေခွေးဝိဉာဉ်က ကျောက်တုံးအစီအရင်ကို နားလည်တယ်ပေါ့?"

ယန်ရွှမ်းကဝေခွဲရခက်စွာ အားကျိုကို ကြည့်လိုက်သည်။
"ငါပြောချင်တာကဟာ...ဒီမြေခွေးလေးက ချစ်ဖို့ကောင်းတယ်။ လာဘ်ခေါ်ရုပ်လေးကျနေတာပဲ။

ရေမိစ္ဆာလေး, နင်နဲ့တောင်မှကျင့်ကြံဆင့်အတူတူလောက်ပဲရှိနိုင်မှာပေါ့။ သူက ငါ့အတွက်သွေးပြာရောင်ပိုးကောင်ကို ရှာပေးမယ်ဆိုတာ လာနောက်နေသလိုကြီးပဲနော်!!"

ဒီလောကမှာ ယန်ရွှမ်းလို ရယ်စရာကောင်းတဲ့မိန်းကလေးမျိုးရှိပါအုံးမလား?။ အားယင်က ယန်ရွှမ်းကိုနဲနဲမှ ဒေါသမထွက်ပေ။ သူမပြောတာကလည်းဖြစ်နိုင်နေတာကိုး။

"ဟိတ် ကောင်မလေး? မင်းဘယ်သူ့ကိုချစ်စရာလေးလို့ပြောနေတာလဲ?။ လာဘ်ခေါ်ရုပ်ဆိုတာကလည်းပါလိုက်သေး"

ဒေါသထွက်နေတဲ့လူငယ်တစ်ယောက်ရဲ့အသံက မြေခွေးပေါက်ထံကနေ ထွက်လာသည်။ ထို့နောက်အားကျိုက အားယင်ရဲ့ပုခုံးကိုတွန်းဖယ်ကာ ယန်ရွှမ်းအားစိုက်ကြည့်လိုက်၏။

"ဟမ်? နင်ကစကားပြောတတ်တယ်လား?"
ယန်ရွှမ်းက အံ့သြသွားသည်။

"လူပုံတောင်မပြောင်းနိုင်သေးဘူးဆိုမှတော့ နင့်က ကျင့်ကြံဆင့်နိမ့်သေးတဲ့မြေခွေးဝိဉာဉ်လေးဆိုတာ အသိသာကြီးပဲလေ! ဘယ်လိုလုပ်ပြီးစကားပြောတတ်နေရတာလဲ?"

အားကျိုရဲ့ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်ကို ရှန်းရှန်ကအစီအရင်သုံးကာ ဖုံးကွယ်ပေးထားတာမို့ ယန်ရွှမ်းက အားနည်းတဲ့မြေခွေးပေါက်လေးသာသာပဲမြင်ရသည်။

"ကမ္ဘာပေါ်မှာ မင်းမသိသေးတာတွေအများကြီးရှိတယ် နားလည်လား?။ ဟမ့် မြေခွေးလေးတစ်ကောင်က စကားပြောတတ်တာ အတော်လေးထူးဆန်းနေတာကျရော!''

အားကျိုက အားယင်ပုခုံးပေါ်ပြန်ဖက်တက်ကာ ယန်ရွှမ်းကို ရန်လိုသောအကြည့်နဲ့ကြည့်လိုက်၏။

အားယင်လည်းကောင်းကင်ကြီးကို တချက်မော့ကြည့်ကာ အားကျိုရဲ့အမြီးကို ဖွဖွလေးဖျစ်လိုက်သည်။ သတိလှုပ်တဲ့သဘောအနေနဲ့ပေါ့။ တကယ်လို့အားကျိုသာ ပြဿနာရှာရင်မွေးနေ့ပွဲကိုလည်းမီတော့မည်မဟုတ်သလို မလိုလားအပ်တဲ့ကိစ္စတွေလည်းဖြစ်သွားနိုင်သည်လေ။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now