Ch-51

1.9K 45 7
                                    

Unicode
...
Hidden god shen yin
The last immortal - ၅၁
....

သို့သော်ကူချင်းမပြောခင်ထဲက လူအုပ်ဟာ သူပြောချင်တဲ့စကားကိုနားလည်ကြ၏။

လွန်ခဲ့တဲ့လအနည်းငယ်က ဥဒေါင်းနဲ့လင်းယုန်စစ်ပွဲမှာ ဥဒေါင်းငှက်တွေအတော်လေး အထိနာခဲ့သေးသည်။ ထို့ကြောင့် ဟွားရှုက တာ့ကျဲတောင်ကိုသွားပြီး အကာအရံအဖြစ်သုံးရန် နတ်မှော်ထီးကို ငှားယူခဲ့၏။ ထို့ကြောင့်မလို့လည်း သူမက ယန်ချိုးအပေါ် အနိုင်ယူနိုင်ခဲ့တာပင်။

ဒီနေ့က အောင်ပွဲခံတဲ့နေ့။ တကယ်လို့ လင်းယုန်တွေရဲ့ ကောင်းချီးမြေကိုကျူးကျော်သည့် ကိစ္စအကြောင်းသာမပြောခဲ့ရင် တာ့ကျဲတောင်ကရော နတ်မှော်ထီးကို အသားလွတ်ငှားပါ့မလား?။ ကူချင်းက ဘယ်လောက်ပဲ တာ့ကျဲတောင်သခင်သုံးယောက်ထဲပါဝင်နေပါစေ ဂိုဏ်းကလူတွေနဲ့အကြောက်အကန်လုပ်ပြီး ထီးကိုဟွားရှုရဲ့မျက်နှာသာရအောင် ငှားပေးဖို့ဆိုတာမဖြစ်နိုင်ပေ။

လူငယ်လေးဟာကျောက်စိမ်းအသွင်နဲ့ အေးစက်လွန်းလာသည်။ ဟွားမော့နောက်လှည့်ကြည့်ချိန်မှာပဲ ကူချင်းရဲ့အခြေအနေမကောင်းတဲ့ စိတ်ပျက်လက်ပျက်မျက်ဝန်းတွေကိုတွေ့လိုက်ရ၏။

လင်းယုန်ငှက်တွေလို သီးခြားနေတတ်တဲ့မျိုးနွယ်ကိုသာအရူးလုပ်လို့ရရင်ရမယ်။ တာ့ကျဲတောင်လို သုံးလောကထိပ်တန်းဂိုဏ်းက ကူချင်းကိုတော့ထိုကဲ့သို့မလုပ်ရဲပေ။ သို့သော် ဟွားမော့က ပေါ့ပေါ့တန်တန်ပဲသဘောထား၏။

"အမတအရှင်ကူချင်း?"

ဟွားမော့က စိတ်အေးလက်အေးနဲ့ပဲမေးလိုက်သည်။ နတ်မှော်ထီးကို ရှုအာဆီ ကူချင်းကလူသိရှင်ကြားပေးလိုက်ပြီဆိုတော့ သူပြန်တောင်းတော့မှာလဲ မဟုတ်ဘူးလေ။ ခုချိန်ထိတောင်ဟွားမော့ဟာ ပိုင်နျန်ကျွန်းရဲ့ဂုဏ်ကျက်သရေက နတ်လောက ဂိုဏ်းပေါင်းစုံရှေ့တွင် ပျက်စီးသွားပြီဆိုတာ မသိသေးပေ။

"အရှင်မင်းကြီး"
ကူချင်းက အေးဆေးညင်သာသောအသံနဲ့ပြောလိုက်သည်။

"လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဥဒေါင်းနဲ့လင်းယုန်စစ်ပွဲမှာ အရှင်မင်းကြီးတို့ဘက်က ဆယ်နှစ်တာစစ်ပြေငြိမ်းရေးစာချုပ်ကိုချုပ်ခဲ့တယ်မလား?"

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now