Ch-7 part2

492 46 2
                                    

Unicode
...
Hidden god shen yin
Chapter(7) Part (2)
....

နှစ်တွေကတရွေ့ရွေ့ကုန်ဆုံးနေပေမဲ့လည်း မှောင်မဲမဲကောင်းကင်အောက် မျက်လုံးတွေမှိတ်ကာ လောကကြီးကနေထွက်ခွာသွားခဲ့သော လူအကြောင်းတွေကိုတော့ခုချိန်ထိ သတိရနေဆဲပင်။ ဘဝမှာ ကိုယ်ချစ်ရတဲ့သူကိုရှာတွေ့ခြင်းက ကံကောင်းသည်လား သို့မဟုတ် ကံဆိုးသွားခဲ့ရတာလား?။ ဒါပေမဲ့ သူမနဲ့ရှေးနတ်ဘုရားလို လူမျိုးတွေအတွက်တော့ နောက်တကြိမ်ပြန်တွေ့ရဖို့မျှော်လင့်စရာရှိနေပါသေး၏။

ကျင်းချန်းတချိန်ချိန်ကျ ပြန်လာလိမ့်မည်ဟု သူမခုချိန်ထိ မျှော်လင့်နေမိသေးသည်။ အမှန်တရားနတ်မင်းပိုင်ကြွယ်လို ရှေးဟောင်းစိတ်စွမ်းအားဝိဉာဉ်ရေကန်မှာပဲ ပြန်လည်မွေးဖွာလာလေမလား?။

"ဖုန့်ယင်....လက်ထပ်ထိမ်းမြားတယ်ဆိုတာ ထင်သလောက်မရိုးရှင်းဘူး။ ဒါတွေက နင်လူတစ်ယောက်ကို တချိန်ချိန်မှာတွေ့လာခဲ့ရင် နင်နားလည်သဘောပေါက်လာလိမ့်မယ်!။ ဒါပေမဲ့ ကံဆိုးတာလား ကံကောင်းတာလားဆိုတာကိုတော့ ငါမသိဘူး"

သက်ပြင်းချသံခပ်သဲ့သဲ့က တဖြေးဖြေးတိမ်ဝင်သွားကာ အချစ်ကိုခံစားဖူးသူ ဖီးနစ်မျိုးနွယ်စုရဲ့ခေါင်းဆောင်ဟာ ထိုင်နေတဲ့ကုလားထိုင်လေးနဲ့အတူ ပျောက်ကွယ်သွားတော့၏။

ကြယ်ရောင်တောက်ပနေတဲ့ ကျောက်သားတံတားအပေါ်ဘက် ကောင်းကင်ယံထက်မှာတော့ မည်သူတဦးတစ်ယောက်မှရောက်မလာခဲ့သလို တိတ်ဆိတ်ညိမ်သက်လျက်....။

.....

ကူချင်း ဒီနေ့တနေကုန် ဟိုသွားလိုက်ဒီသွားလိုက်လုပ်နေတာဖြစ်သည်။ သူ နဂိုအစကသွားဖို့လုပ်ထားသည်က ဝူးထုံကျွန်း၏ အတွင်းနဲ့အပြင်ကိုချိတ်ဆက်ထားသော aရကန်ငယ်ဆီသွားမှာဖြစ်ပေမဲ့ အစီအစဉ်ပျက်သွားခဲ့သည်။ ဒါကြောင့် သူလည်း နောက်ကြောင်းပြန်ခေါက်ကာ ဝူးထုံကျွန်းရဲ့ ရှေးဟောင်းတောအုပ်ဆီ ထွက်လာခဲ့၏။

လအလင်းက ညရဲ့အမှောင်ယံကိုဖြိုခွင်းလျက်တောက်ပနေကာ ကျောက်ခင်းလမ်းလေးကလည်း တိတ်ဆိတ်နေသည်။ ဝတုတ်တုတ်ကောင်လေးတစ်ယောက်ကလည်း သီချင်းတညည်းညည်းဖြင့် ဘေးတိုက်သွားကာလျှောက်လာ၏။ ထိုအချိန် ကျောက်ခတ်ပန်းပင်များစိုက်ပျိုးထားသော နားနေဆောင်နားရောက်လာသောအခါ မနိမ့်မမြင့်အသံသဲ့သဲ့ကို သူကြားလိုက်ရသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now