Ch-16

341 30 4
                                    

Unicode
..
Hidden god shen yin
Chapter(16) part -1
...

"ဟိတ် အကောင်ပေါက်လေး...မင်းပဲပြောကြည့်ကွာ။ ငါ့မှာသာအစထဲက ဆင်ခြင်ဉာဏ်ရှိခဲ့ရင် ဖုန့်ယင်အေးဆေးဖြစ်တဲ့အချိန်ကျမှ ဇာမဏီကျောက်စိမ်းအကြောင်းမေးခဲ့မိမှာ။ ခုတော့ ငါ့လောဘကြောင့် သူအသက်ဆုံးခဲ့ရတယ်။ သူ့ရဲ့ဝိဉာဉ်ကလည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီ"

တာ့ကျဲတောင်ရဲ့တားမြစ်ချိုင့်ဝှမ်းထဲမှာတော့ ကူချင်းက အရက်အိုးကိုပိုက်ကာ အတိတ်ကအကြောင်းတွေကို ပြန်တွေးတောရင်း ရေမိစ္ဆာလေးရဲ့ဗိုက်ကိုပွတ်ပေးနေသည်။ သူ့ခါးထက်မှာတော့ နီရဲသောကျောက်ကိုချိတ်ဆွဲထား၏။ ထိုကျောက်သည် ဖုန့်ယင်ရဲ့ဝိဉာဉ်စွမ်းအားနဲ့ချီတွေကို ပြိုကွဲသွားစေပြီးတဲ့နောက် သာမာန်နီရဲရဲကျောက်အသွင်ကိုသာပြောင်းလဲသွားတော့သည်။ (Tn-ကွဲသွားတယ်ဆိုတဲ့ မီးဇာမဏီကျောက်စိမ်းကိုပြောတာပါ)

ရေမိစ္ဆာလေးက နိုးနေတာကြာပြီဆိုပေမဲ့လည်း ခုချိန်ထိအိပ်ချင်ယောင်ဆောင်နေသေးသည်။ ကူချင်းရဲ့ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့နောင်တတရားတွေအကြောင်း ညလုံးပေါက်နားထောင်ခဲ့ရတာမှန်ပေမဲ့ သူသိတာဆိုလို့ ကျောက်စိမ်းဝိုင်အိုးရဲ့အနံ့ကိုသာသိ၏။ ထို့အတူ သူဘယ်လိုပြန်အားယားမှောက်ရမလဲမသိတာကြောင့် ကူချင်းရဲ့လက်ကို လက်သည်းအသေးလေးများနဲ့ကုတ်ခြစ်နေလိုက်သည်။

ကုတ်လာတာကိုခံစားမိတော့ ကူချင်းလည်းငုံ့ကြည့်လိုက်၏။ ထိုအခါ ရွှန်းစိုပြီးနက်မှောင်သောမျက်လုံးလေးများကိုသူတွေ့ရသည်။ ရေမိစ္ဆာလေးသည် သူ့ရဲ့လက်ကိုတို့ထိနေပြီး ဟိုလိမ့်ဒီလိမ့်လုပ်ပြကာ သူ့ကိုနှစ်သက်ဖွယ်အကြည့်နဲ့မော့ကြည့်နေ၏။

ဒါကိုမြင်တော့ ကူချင်းရဲ့နှလုံးသားလည်း နွေးထွေးသွားသည်။ ဒါကြောင့် သူရေမိစ္ဆာလေးကို ချိုင်းကမြှောက်ကာ ပွေ့ချီပြီးနောက် သူနဲ့အကြည့်ချင်းပြန်ဆုံပေးလိုက်၏။

"အာ...အကောင်ပေါက်လေးက နိုးပြီလား?"

ရေမိစ္ဆာလေးက မျက်လုံးအပြူးသားနဲ့ သူ့ကိုခေါင်းညိမ့်ပြလာသည်။ ထိုမှတဆင့် ကူချင်းဆီကနေ ဖျတ်ခနဲအကြည့်လွှဲကာ ဘေးနားကစားပွဲပေါ်တင်ထားသော သေရည်အိုးကိုသာ သေချာစိုက်ကြည့်နေတော့သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now