Ch-25 part

224 19 0
                                    

Unicode
...
Hidden god shen yin
Chapter (25) Part 2
....

ကူချင်းလည်း ပိပေါ်ရဲ့အစီအရင်စည်းကိုကြည့်ပြီး စိတ်ရှုပ်ထွေးသွားမိသည်။ ကျီယွဲ့တောင်ရဲ့အကာအကွယ်စည်းက စန်းဟောက်နဲ့ပိပေါ် နှစ်ယောက်ထဲကသာဖွင့်နိုင်တာ။ ဟုန်ရိလိုမြေခွေးပေါက်လေးတစ်ကောင်က သူတို့နှစ်ယောက်ကိုကျော်ပြီး တောင်ပေါ်တက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။

ဒါပေမဲ့ ချန်းချင်ကလည်းပေါက်ကရတွေပြောနေတာတော့မဟုတ်။ သူမကိုယ်တိုင်တောင် ဒီကျီယွဲ့တောင်ဆီ လွန်ခဲ့တဲ့သုံးနှစ်က တကူးတကလာရှာဖွေတယ်ဆိုမှတော့ ဟုန်ရိရှိနေတာကို တပ်အပ်သိထားပုံပင်။

ကူချင်းတကယ်ကို တွေးတောပုံဖော်မရတော့ပေ။ သူအခုတတ်နိုင်တာက ပိပေါ်နဲ့စန်းဟောက်နောက်ကို လိုက်ရုံသာရှိတော့၏။

ပိပေါ်ရဲ့စရိုက်က အရမ်းကိုပွင့်လင်းသွက်လက်လွန်းသည်။ ထို့ကြောင့် သူက အားယင်ဆီကိုသွားကာ လူကြီးတစ်ယောက်လိုစကားသွားပြောနေ၏။

"ဟိတ်ကလေးမလေး! ငါက မင်းရဲ့ဘိုးဘေးတွေထဲကတစ်ယောက်ပဲ! ဒီတော့ မင်းကိုတစ်ယောက်ယောက်က လာအနိုင်ကျင့်ခဲ့ရင် ငါ့ကိုလာတိုင်!ဟုတ်ပြီလား?"

အားယင်က သူမလိုရေမိစ္ဆာဆိုလို့ ပိပေါ်တစ်ကောင်ထဲကိုသာမြင်ဖူးတာဖြစ်သည်။ ဒါပေမဲ့ သူမရဲ့မျိုးနွယ်တူပိပေါ်က ဒီလို ကလေးဆန်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပေ။ ဒါကြောင့် သူမလည်းအလိုက်သင့်ပဲခေါင်းညိမ့်ပြလိုက်၏။

"အစ်ကိုကြီးပိပေါ်! ညီမလေးက အတွင်းအားအဆင့်နိမ့်တာမလို့ ကောင်းကောင်းကာကွယ်ပေးဖို့မျှော်လင့်ပါတယ်"

ပိပေါ်ကလည်း ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည်။

"အမ်း....မင်းနဲ့အားချင်း နောက်ကျကျီယွဲ့တောင်မှာနေမယ်ဆိုရင် နတ်မင်းထျန်းရီရဲ့အကာအကွယ်စည်းကြောင့် ဘယ်သူကမှလာ အန္တရာယ်ပြုရဲမှာမဟုတ်ဘူး။ ဒီတောင်ပေါ်ကအရမ်းကိုလုံခြုံတာ! အဲ့လိုမှမဟုတ်လို့ တောင်အပြင်ဘက်ရောက်ပြီဆိုတာနဲ့ မကောင်းဆိုးဝါးကောင်ကြီးတွေက မင်းလိုရေမိစ္ဆာအကောင်ပေါက်လေးကို တဂျွတ်ဂျွတ်မြည်အောင်ဝါးစားပစ်မှာ! ငါလည်းသူတို့ကိုတော့ နိုင်အောင်မတိုင်နိုင်ဘူး!!"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now