Ch-12

334 26 0
                                    

Unicode
....

Hidden god, Last Immortal
Chapter (12)
..

ကူချင်းရဲ့အသံဟာ ဟိုးရှေးနှစ်များစွာက ပိုင်ကြွယ်ကိုမေးခွန်းထုတ်ခဲ့ဖူးသော လေးနက်သည့်အသံနဲ့ဆင်တူသည်။ သူဒီလောက်ထိလေးနက်နေပုံထောက်ရင် ရှောင်ဖုန့်ကျွင်း(ဖုန့်ယင်)လောက်နီးနီး မနေ့ကသူ့ကိုကယ်ခဲ့သောနတ်သမီးကအရေးပါအရာရောက်မှန်းသိသာလှ၏။

တရွတ်ဆွဲနေသော အနီရောင်ဝတ်ရုံစဟာ သူ့ကိုစိတ်မရှည်ဖြစ်စေတာမို့ ကူချင်းရဲ့ပုံစံသည် မသေမျိုးလောကရဲ့အရည်ရွှမ်းသောနှင်းသီးနဲ့ပုံစံတူနေသည်။ ထို့ပြင် တာ့ကျဲတောင်တပည့်ကူချင်းက ရည်ရည်မွန်မွန်လည်းမရှိ။ ထို့ကြောင့် လူ့ပြည်က လူချမ်းသာမိသားစုကနေဆင်းသက်လာသော သခင်လေးတစ်ပါးနဲ့သာ တူသည်။ သို့ပေမဲ့လည်း အစေခံတွေခမျာ ဟွားရှုဘယ်လိုပြန်ပြောမလဲမသိတာကြောင့် နောက်ကိုဆုတ်ပေးလိုက်ကြပြီး ကူချင်းကိုလမ်းဖယ်ပေးလိုက်ကြ၏။

ကူချင်းရဲ့ပုံစံသည် တည်ကြည်လေးနက်နေပြီး မင်းသမီးသာ အလိုဆန္ဒရှိပါက သူတတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်လိမ့်မည်ပင်။

ဟွားရှုအတွက်လည်း ဒီနှစ်တွေအတောအတွင်းမှာ ကူချင်းလို ရိုးဖြောင့်ပြီး လေးနက်သည့်အကြည့်မျိုးအကြည့်မခံရသည်မှာကြာလေပြီ။ ဘာလို့ဆို သူ့နားကပ်လာသမျှမသေမျိုးယောကျာ်းတွေဟာ သူမရဲ့အလှအပကိုသော်လည်းကောင်း၊ သူမပိုင်ဆိုင်သော ဥဒေါင်းမျိုးနွယ်ဂုဏ်ကျက်သရေကိုသော်လည်းကောင်း စွဲလမ်းသောတဏှာစိတ်ကြောင့်သော်လည်းကောင်း ချဉ်းကပ်လာခဲ့ကြသူတွေများသည်။

ထို့ကြောင့် ဟွားရှုတခဏတွေဝေသွား၏။ ကူချင်းရဲ့အကြည့်တွေဟာလည်း ဟွားရှုရဲ့မျက်ဝန်းဆီမှာပဲကျောက်ချထားကာ သူမကိုလည်း ကိုယ့်ကိုကိုယ်တန်ဖိုးကြီးပြီး တော်ဝင်ဆန်ကြောင်း မြင်ယောင်မိသွားစေသည်။ ဒါကြောင့် သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ စကားလုံးများထွက်လာတော့၏။

"မနေ့ညက ဝူးထုံတောအုပ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သခင်လေးကူချင်းအနေနဲ့ စိတ်ပူနေစရာမလိုပါဘူး"

ထိုအခါ ဘေးနားကအစေခံဟာ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သို့သော် အားရဝမ်းသာဖြစ်နေသူကူချင်းကတော့ ဟွားရှုရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကိုသေချာနားမလည်ချေ။ ဒါကြောင့် သူကရှေ့ကိုတိုးလာပြီး ဟွားရှုကိုသေချာစိုက်ကြည့်ကာ မျက်လုံးများကို လခြမ်းသဖွယ်မှေးစင်းလိုက်၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now