Ch-7part1

569 43 0
                                    

Unicode
...
Hidden god shen yin
Chapter(7) Part (1)
....

ကောင်းကင်ဘုံ၏ နှစ်ခြောက်သောင်းသက်တမ်းအတွင်း ဧကရာဇ်နှစ်ပါးရှိခဲ့ဖူးသည်။ တစ်ယောက်က နဂါးမျိုးနွယ်မှဖြစ်ကာ နောက်တစ်ယောက်ကတော့ ဖီးနစ်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်၏။

နဂါးမျိုးနွယ်ဧကရာဇ်သည် ရှေးကတည်းက နတ်လောကကိုအုပ်ချုပ်လာခဲ့တာဖြစ်ပြီး စိတ်ရှည်သည်းခံတတ်ကာ အားလုံးရဲ့လေးစားမှုကိုလည်း ခံယူထိုက်သူဖြစ်သည်။

ဖုန့်ရန်က မွေးဖွားလာကတည်းကထူးခြားသူဖြစ်ပြီး သူမရဲ့ စရိုက်က တခြားလူတွေနဲ့မတူကွဲပြား၏။ နောက်ပြီး ရှီးလုံ(နဂါးဧကရာဇ်)ဟာ ကောင်းကင်ဘုံဧကရာဇ်နေရာအား ဖုန့်ရန်ကို လွှဲပြောင်းပေးလိမ့်မည်ဟု ဘယ်သူကမှမျှော်လင့်မထားကြပေ။ အကယ်၍ ဖုန့်ရန်သာ နတ်ဆိုးလောကရဲ့ ဧကရာဇ်ဖြစ်ခဲ့ရင်တော့ သူမပိုပြီး လိုက်လျောညီထွေရှိလိမ့်မည်ပင်။

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအကြာက နတ်နဲ့မိစ္ဆာတိုက်ပွဲပြီးဆုံးသွားပြီးတဲ့နောက် နှစ်ဘက်စလုံးအတော်လေးအထိနာခဲ့ကြသည်။ ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ဘုံဧကရာဇ်နေရာကိုချိန်းခြောက်ဖို့အချိန်ကောင်းဟုတ်မနေချေ။ သို့သော် ဖုန့်ရန်က ဖီးနစ်မျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်နေတာကြောင့် သူမသာတိတ်တိတ်လေး ရာဇပုလ္လင်နေရာကိုယူခဲ့လျှင် ဘယ်မသေမျိုးကမှ လှောင်ရယ်ရဲကြမည်မဟုတ်။

နှစ်ရာပေါင်းများစွာထပ်ကြာပြီးတဲ့အခါမှာတော့ မသေမျိုးတွေထင်ခဲ့တာထက် ရလဒ်ကပိုတောင် ကျော်လွန်နေသေး၏။ မာနကြီးပြီးစိတ်ကြီးဝင်နေသောဖုန့်ဟွမ်ဟာ ကောင်းကင်ဘုံဧကရာဇ်နေရာအားရရှိခဲ့သည်။ ထို့ကြောင့် သူ့ရဲ့စတင်နန်းတက်ကာလများမှာ မသေမျိုးတွေအားလုံးအကြောင်းပြချက်မရှိ စိတ်ဓာတ်ကျကုန်ကြ၏။

ထိုအချိန်တွင် ဖုန့်ရန်ကလည်း တောင်တရုတ်ပင်လယ်တလျှောက် ကန့်သတ်ထားသောဝိဉာဉ်စွမ်းအားကိုးခု စည်းမျဉ်းအား ပယ်ဖျက်ရုတ်သိမ်းပေးခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် ယခုလက်ရှိဝူးထုံကျွန်းကတည်ရှိပြီး မသေမျိုးအများစု လာရောက်ကျင့်ကြံသောနေရာလည်းဖြစ်၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now