Ch-40

227 10 0
                                    

Unicode
....
Hidden god shen yin
The Last Immortal - ၄၀
....

ပိုင်နျန်ကျွန်းရှိမွေးနေ့ပွဲရက်သို့ရောက်ရန် ငါးရက်ခန့်သာလိုတော့တာမို့ ကူချင်းကရာသီဥတုအခြေအနေကောင်းသောရက်မှာသွားရန် ဆုံးဖြတ်ထားသည်။ ထိုအခါ ရှန်းကျူးကလည်းညီဖြစ်သူကို အကူအညီဖြစ်စေရန် လိုအပ်သောအဝတ်အစားတွေကိုတခါထဲပြင်ဆင်ပေးထား၏။

အာ့ဒါထက် ကူချင်းဟာ အရင်လိုကလေးလည်းမဟုတ်တော့တာကြောင့် စီးတော်ယာဉ်ကိုငြင်းပယ်ကာ ခြေလျင်ခရီးဆက်ဖို့ရွေးချယ်ထားသည်။

သူစခရီးထွက်မဲ့နေ့ရောက်တော့ တိမ်ပေါ်စီးရန်ပြင်နေတုန်း လူအုပ်ဘက်ကိုကြည့်လိုက်ချိန် တစ်စုံတစ်ယောက်ကို သူ မမြင်ရပါချေ။ အနားရှိနေကျလူတစ်ယောက်က ခါတိုင်းလိုရှိမနေတော့ သူ့ရင်ထဲဟာတာတာဖြစ်နေ၏။ ထို့ကြောင့် သူရှင်းရီကို ရအောင်ရှာပြီး အနားခေါ်လိုက်သည်။

"ရှင်းရီ, အားယင်ဘယ်မလဲ?"

ရှင်းရီက ခေါင်းခါပြလိုက်သည်။

"ကျွန်တော်မသိဘူးလေ! မနက်စောစောထဲက သူ့ကိုမတွေ့တာ! အယ် ပဲကိတ်တောင် ဒီနေ့လာမယူဘူး!"

ထိုအခါ ကူချင်းကြောင်အအဖြစ်သွား၏။

"ပဲကိတ်တောင် မစားဘူးတဲ့လား?"

အားယင်ကအစားတလိုင်းဖြစ်တာကြောင့် ရှင်းရီလုပ်ပေးနေကျပဲကိတ်ဟာ သူမအကြိုက်ဆုံးစားစရာတစ်ခုဖြစ်သည်။ ဒါထူးဆန်းနေတာကော မဖြစ်နိုင်ဘူးလား?။ အဲ့လိုမှမဟုတ်ရင် ဟိုးအရင်ရက်က အချေအတင်စကားတချို့ကြောင့်လား?။ ထိုအကြောင်းပြန်တွေးမိတော့ သူချန်ကွမ်းအိတ်ထဲကနေ ယွီလုသေရည်အိုးကိုထုတ်ကာ ရှင်းရီအားပေးလိုက်သည်။

"ဒါက ငါဖွက်ထားတဲ့ယွီလုသေရည်။ အားယင်က သေရည်ကိုအရမ်းကြိုက်တာ! ဒါပေမဲ့ငါပေးတယ်လို့ မပြောနဲ့နော်!။ ပြီးတော့ သူ့ဘေးနားကမြေခွေးက ဉာဏ်နီဉာဏ်နက်များတယ်။ မင်းရဲ့ဆရာတူဒေါ်လေးကို အားကျိုအရူးလုပ်တာမခံရစေနဲ့!"

ရှင်းရီက ကူချင်းပုံကိုကြည့်ပြီး စိတ်ရှုပ်သွားသည်။ ဆရာဦးလေးက ပိုင်နျန်ကျွန်းကိုသွားပြီး ပြွတ်ပြွတ်ပေးမှာမဟုတ်ဘူးလား?။ အာ့တာကိုအခု အားယင်အတွက်လည်း မသိစိတ်ကနေတွေးပူပေးနေသေးသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now