Ch-21

268 30 2
                                    


Unicode
..
Last Immortal,  Hidden god shen yin
Chapter (21)
..

ရှန်းရှန်နဲ့ရှန်းကျူးဟာ နှစ်ထောင်ချီနေလာခဲ့သူတွေမို့ ဟွားရှုရဲ့ရည်ရွယ်ချက်အား တန်းသဘောပေါက်သွားကြသည်။ ဥဒေါင်းမျိုးနွယ်နဲ့ လင်းယုန်မျိုးနွယ်ဟာ မြောက်ပင်လယ်ရှိကောင်းချီးမြေအတွက် နှစ်ပေါင်းစွာတိုက်ခိုက်လာခဲ့ကြတာပင်။ အရင်ကောင်းကင်ဧကရာဇ်လက်ထက်မှာတုန်းကတော့ သူတို့မျိုးနွယ်နှစ်ခုဟာ သင့်မြတ်ကြသေးသည်။ သို့သော်အခုမှာတော့ မျိုးနွယ်နှစ်ခုကြားအငြင်းပွားစရာကိစ္စရပ်တချို့ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဟာစတင်လာခဲ့တော့၏။

ဥဒေါင်းငှက်တွေဟာ နဂိုထဲက လင်းယုန်တို့ထက်အဆင့်မြင့်သည်။ ထို့အတူ သူတို့ကမြောက်ပင်လယ်မှာယှဉ်တွဲနေထိုင်တဲ့ လင်းယုန်မျိုးနွယ်တွေ သူတို့ထက်အားကြီးသွားမှာကိုလည်းစိုးရိမ်နေ၏။

ကံဆိုးချင်တော့ ဥဒေါင်းငှက်မျိုးနွယ်ဘုရင်ဟွားမော့ရဲ့သားတွေကလည်းသုံးစားမရပေ။ ထိုအထဲမှဟွားရှုတစ်ယောက်သာအမြော်မြင်ရှိသည်ဟုဆိုရမည်။ ဥဒေါင်းငှက်တွေဟာနဂိုထဲက အားကြီးသူတွေဖြစ်တာကြောင့် အခုလို ရန်သူဟောင်းလင်းယုန်တွေ ဘေးနားရှိနေတာကိုမနှစ်မြို့ပေ။ သို့သော် မကြာသေးခင်ကတော့ လင်းယုန်ငှက်တို့ရဲ့အောင်မြင်မှုကြောင့် တချို့အငြင်းပွားဖွယ်ရာများချုပ်ငြိမ်းသွားခဲ့သည်။

လင်းယုန်ငှက်တို့ရဲ့အားသာချက်က ကောင်းကင်ပေါ်အချိန်ကြာကြာမြင့်မြင့်ပျံသန်းနိုင်ခြင်းပင်။ ထို့ကြောင့် ဟွားရှုက တာ့ကျဲတောင်အကူအညီကို ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်၏။

"မဟုတ်တာမင်းသမီးရယ်...ကျွန်တော်တို့တာ့ကျဲတောင်က ဥဒေါင်းငှက်မျိုးနွယ်နဲ့ ဆက်ဆံရေးကောင်းတွေရှိပါတယ်။ အခု မင်းသမီးလာရတဲ့အကြောင်းရင်းက...."

ဟွားရှုက လက်ယပ်ခေါ်လိုက်သောအခါ အစေခံတစ်ယောက်ရောက်လာပြီး သစ်သားသေတ္တာတစ်လုံးလည်း အတူပါလာသည်။

"ဆရာသခင်နှစ်ယောက်, တာ့ကျဲတောင်က မသေမျိုးလောကရဲ့အရှုပ်အထွေးတွေကြားဝင်မပါတတ်ဘူးဆိုတာဟွားရှုသိပါတယ်။ ဟွားရှု ဆရာသခင်နှစ်ယောက်ကို မျက်နှာပျက်စေရတာမျိုးလည်းမဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ ဟွားရှုရဲ့အဖေကလည်းအသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး အစ်ကိုတွေကလည်းအတွင်းအားနိမ့်တယ်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now