unicode
...
Hidden god shen yin
Chapter (31) part 2
....ကူချင်းက ဖီးနစ်ဧကရာဇ်အကြောင်းပြောတော့ သစ်ပင်ကြီးက ပိုအသက်ဝင်သွားပြီး အသံကအစပြောင်းသွားသည်။
"ဟုတ်ကဲ့ ဒီအငယ်သားက လက်ရှိဖုန့်မျိုးနွယ်ဧကရာဇ်ကိုတွေ့ဖူးပါတယ်"
"သူ့နာမည်ကဘယ်သူလဲ?"
ကူချင်းခဏတော့ကြောင်သွားသည်။
"ဘာကိုပြောတာလဲ အကြီးအကဲ?""ဖုန့်မျိုးနွယ်ရဲ့လက်ရှိဧကရာဇ်, သူ့နာမည်ကဘယ်သူလဲ?"
"မျိုးရိုးနာမည် ဖုန့်..အမည်ရင်းက ရန်ပါ။ ဧကရာဇ်ဖုန့်ရန်က အထက်ဘုံမှာရောအောက်ဘုံမှာပါအတွေ့အကြုံရင့်ကျက်တဲ့လူဖြစ်တာကြောင့် ဖုန့်မျိုးနွယ်ကိုအုပ်ချုပ်ခဲ့တာ နှစ်သုံးရာလောက်ရှိပါပြီ။"
"ဖုန့်ရန်...ဖုန့်ရန်က ကပ်ဘေးကြီးကိုလဲကြုံခဲ့ရတာပဲ....။ နှစ်သုံးရာတောင်ကြာခဲ့ပြီပေါ့လေ"
ဖီးနစ်သစ်ပင်ကြီးရဲ့မျက်နှာဘယ်လိုဖြစ်နေလဲမသိရပေမဲ့ သူ့အသံမှာတော့ အတိတ်ကအရာတွေကိုပြန်လည်တမ်းတနေကြောင်း သိသိသာသာထင်ရသည်။
"လူငယ်လေး, ငါ့အတွက်အသနားခံပေးဖို့မလိုတော့ပါဘူး။ ဝဋ်တွေကတကျော့ပြန်လာမှာပါ။ ဥပမာ မင်းလည်းမင်းအမှားအတွက်ပြန်ပြင်ဆင်ရသလိုမျိုးပေါ့"
ကြည့်ရတာ သက်တမ်းရင့်နေပြီဖြစ်သော ဖီးနစ်သစ်ပင်ကြီးသည် အရင်ဖုန့်မျိုးနွယ်ဧကရာဇ်ဟောင်းနဲ့ တခုခုဆက်စပ်နေပုံပေါ်သည်။ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကိစ္စသာဆိုရင်တော့...သူလဲဝင်ဖျန်ဖြေလို့မတတ်နိုင်တော့ဘူးထင်ပါ့။ ဒါကြောင့် ကူချင်းလည်းသက်ပြင်းချကာ ဖီးနစ်သစ်ပင်ကြီးအားအရိုအသေပေးပြီးနောက် အားယင်ကိုခေါ်ပြီး လှည်ပြန်လိုက်တော့၏။
ခပ်လှမ်းလှမ်းမရောက်တရောက်မှာတော့ သစ်ပင်ကြီးဆီကနေ သူ့ကိုလှမ်းပြောသည့်အသံအား ကြားလိုက်ရသည်။
"လူငယ်လေး, မင်းသာဝူးထုံကျွန်းနဲ့ကံစပ်မယ်ဆိုရင်တော့ ငါ့အတွက်ဧကရာဇ်ဖုန့်ရန်ကို ကူပြောပေးပါ။ ပြီးတော့ သူဘယ်လောက်ပဲထပ်လုပ်လုပ် ဝူရှီးရဲ့ဆုံးဖြတ်ချက်က လွန်ခဲ့တဲ့နှစ်ခြောက်သောင်းတုန်းကအတိုင်းတည်ရှိနေမှာလို့ စကားပါးပေးဖို့တောင်းဆိုချင်တယ်။ မင်းလည်း မင်းဘေးကလူတွေကိုတန်ဖိုးထားပါ ကောင်လေး။ လောကမှာဖြစ်ပျက်နေတဲ့အရာမှန်သမျှက ကံစီမံရာအတိုင်းတွေချည်းပဲ။ သေရာက ပြန်ရှင်လာတယ်ဆိုရင်တောင် ကံကိုရှောင်လွှဲလို့မရဘူး။"
YOU ARE READING
The Last Immortal, Hidden God (Myanmar Translation)
FanfictionWangAnYu ,ZhaoLusi တို့ရဲ့ Xianxia drama (The Last Immortal , ShenYin )ကို Hengdianမှာ စတင်ရိုက်ကူးနေပါပီ ❤❤ Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛