Ch-39

138 11 0
                                    

Unicode
...
Hidden god shen yin
The last immortal - 39
....

"အကိုကြီး, ဒါကဘာလဲ?"

"ဆရာအထက်ဘုံတက်ပြီးကတည်းက ငါတို့နှစ်ယောက်ကမင်းရဲ့အုပ်ထိန်းသူတွေလေကွာ။ ဒီတော့ မင်းနှစ်သက်ရတဲ့မိန်းကလေးကိုရှာတွေ့တဲ့အခါ အကိုကြီးတွေပီပီ တာဝန်ကျေရမှာပေါ့!"

ရှန်းကျူးက ခေါင်းမော့ကာပြုံးပြီးပြောလိုက်သည်။

"ဆရာမင်းကိုခေါ်လာခဲ့တုန်းက မင်းဘယ်သူ့သားသမီးလဲ ဘယ်နေရပ်ကလဲဆိုတာ ငါတို့လုံးဝမသိခဲ့ရဘူး။ ဒီတော့ ငါနဲ့အစ်ကိုကြီးရှန်းရှန်လည်း မင်းကိုဆွေမျိုးမောင်နှမမရှိတဲ့ကလေးတစ်ယောက်လို့တွေးပြီးအချစ်ပိုခဲ့တာ။

ဒီဇာမဏီခေါင်းဆောင်းကလည်း မင်းတကယ်ချစ်တဲ့မိန်းကလေးကို လက်ထပ်ယူတဲ့အချိန်အတွက် ငါတို့ကြိုပြင်ဆင်ပေးထားတာပဲ။ လက်ထပ်ပွဲနေ့မှာသုံးဖို့အတွက်ပေါ့ကွာ။ မင်း ပိုင်နျန်ကျွန်းကဟွားရှုကို မျက်စိကျနေမှန်း ဒီအစ်ကိုကြီးကရိပ်မိကြီးသား!"

ထိုအခါ ကူချင်းမျက်နှာကြီးရဲသွားသည်။

"အစ်ကိုကြီးကလည်းဗျာ!''

"မရှက်စမ်းပါနဲ့ကွာ။ လူပျိုအပျိုချစ်ကြ ကြိုက်ကြတာပဲ။ ဟွားရှုက သုံးလောကရဲ့ထိပ်တန်း အလှပဂေးလေးဆိုတော့ မင်းကြိုက်ရင်လည်း ကြိုက်ချင်စရာလေ။ ငါတို့မင်းကိုထောက်ခံပါတယ်ကွ!။ ညီငယ်လေး, ငါပြောပြမယ် ဥဒေါင်းမျိုးနွယ်ဘုရင် ဒီတခါလုပ်တဲ့မွေးနေ့ပွဲကဟန်ပြသက်သက်ပဲ။

တကယ်တမ်းက သူ့သမီးအတွက်ခင်ပွန်းလောင်းရှာတဲ့ပွဲမှန်း မျက်စိပါတဲ့လူတိုင်းသတိထားမိမှာ။ ငါကြားတာတော့ ဟိုးအစွန်အဖျားကဂိုဏ်းသားတွေကတောင် ရှိသမျှရတနာတွေယူပြီးလာကြမယ်လို့ကြားတယ်။

ငါတို့တာ့ကျဲတောင်က ရှုပ်ယှက်လုပ်ရတာသိပ်မကြိုက်ပေမဲ့ သူတို့နဲ့မယှဉ်နိုင်တာမျိုးတော့ မဖြစ်သင့်ဘူးမဟုတ်လား?။ ဟော အရင်ကနတ်မှော်ထီးရယ် aကျာက်စိမ်းရယ်၊ အခုဇာမဏီခေါင်းဆောင်းရယ်ပါ ထပ်တိုးပေးလိုက်ရင် သူတို့တွေက တာ့ကျဲတောင်ရဲ့ကျေးဇူးတရားကို နားလည်သဘောပေါက်လာကြမှာပဲ။ ဒီတော့ မင်းခုတခေါက် ပိုင်နျန်ကျွန်းဆီသွားရင် ဥဒေါင်းငှက်မျိုးနွယ်ဘုရင်က သေချာပေါက်တောင်းရမ်းတာကို လက်ခံလိမ့်မယ်!"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now