Ch-27 part2

244 27 2
                                    

Unicode
..
Hidden god shen yin
Chapter (27) Part 2
..

ကူချင်းကိုကြည့်မိတော့လည်း အပြင်က ဝိဉာဉ်စွမ်းအားတွေကို မနဲရုန်းကန်နေရကြောင်းတွေ့ရတာကြောင့် လှမ်းခေါ်လို့မဖြစ်။ ထို့နောက် သူမ သွေးအိုင်ထဲလဲနေသောမြေခွေးပေါက်လေးကို ထပ်ကြည့်လိုက်သည်။ သူမကိုယ်တိုင်ပဲကယ်မယ်ဆုံးဖြတ်ကာ ခေါင်းလေးကိုခပ်ဖွဖွထိရုံရှိသေး သေအံ့ဆဲဆဲမြေခွေးပေါက်က သူမအား ရုတ်တရက်မျက်လုံးပြူးကြည့်လာကြောင်းတွေ့လိုက်ရ၏။

အားယင်ကြောက်လန့်တကြား နောက်ဆုတ်မိသွားသည်။ သူမကိုကြည့်နေသော မြေခွေးပေါက်ရဲ့မျက်ဝန်းလေးတွေဟာ နီညိုနဲ့အနက်ရောပြွန်းထားပြီး နွေဦးရာသီရဲ့မနက်ခင်းလေးလိုလှပလွန်း၏။ ဒါပေမဲ့ အေးစက်စက်နိုင်သည်။ အရိုးထဲအသားထဲထိနေအောင်အေးစက်မှုကို ပေးသောထိုအကြည့်တွေဟာ တလောကလုံးကို သတိထားနေသကဲ့သို့။

ဘာပဲဖြစ်ဖြစ် အရိုးတောင်မြင်ရလောက်သည်အထိ နက်သောဒဏ်ရာနဲ့ သူ့ရဲ့အေးစက်စက်အကြည့်တွေက အားယင်ကိုသနားစိတ်ဝင်မိစေသည်။ သူမတသက်နဲ့တကိုယ် ဒီလောက်လှပပြီး အေးစက်တဲ့အကြည့်တွေကိုမမြင်ခဲ့ဖူးချေ။ ထို့နောက် သူမမြေခွေးပေါက်လေးရဲ့မျက်ခုံးနေရာကို ထပ်ပြီးလက်နဲ့ထိလိုက်၏။

"မကြောက်ပါနဲ့..ငါနင့်ကိုနာအောင်မလုပ်ပါဘူး။ ငါနင့်ကိုကယ်ပေးမလို့!"

အားယင်စိတ်ထဲကစိုးရိမ်မှုတွေက တဆင့်ပြီးတဆင့်တိုးလာကာ သူမလက်ကနေ အစိမ်းရောင်ဝိဉာဉ်စွမ်းအားတချို့ကို ထုတ်လွှတ်လာသည်။ ထိုစွမ်းအားသည် သူမလက်မှတဆင့်မြေခွေးပေါက်လေးရဲ့ နဖူးကိုစီးဆင်းသွား၏။

ထိုစွမ်းအားစီးဝင်သွားသည်နှင့် မြေခွေးလေးရဲ့နာကျင်မှုတွေဟာ သိသိသာသာသက်သာသွားသလို သူ့အကြည့်တွေကလည်း အရင်လောက်မအေးစက်တော့ပေ။ သို့သော် မဝံမရဲတော့ဖြစ်နေသေးပုံပေါ်သည်။

ရေမိစ္ဆာတွေဟာ နဂိုထဲက ဒဏ်ရာကုစားပေးနိူင်သောအစွမ်းရှိသည်။ ထို့ကြောင့် အားယင်က ကျင့်ကြံဆင့်နိမ့်နေသေးပေမဲ့ အပေါ်ယံဒဏ်ရာလေးတွေကိုတော့ ကုသပေးနိုင်၏။ တဖြေးဖြေးနဲ့ သူမကြောင့် မြေခွေးလေးရဲ့ဒဏ်ရာကအနာကျက် မြန်လာသည်။ သို့သော် သူမကိုယ်တိုင်ကတော့ အားကုန်သုံးရတာမို့ ပင်ပန်းအားနည်းလာ၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now