Ch-24

319 25 0
                                    

Unicode
..
Hidden God, Shen Yin
Chapter (24) Part 1
...

မိစ္ဆာဘုရင်ကျိုးယွဲ့က ရှေးပဝေသဏီထဲကအောက်ဘုံ၏လေးစားခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ပထမဆုံးအကြိမ် နတ်နဲ့မိစ္ဆာစစ်ပွဲပြီးကတည်းက ကျီယွဲ့အား သုံးလောကသားတွေက လောကကြီးကိုတည်ထောင်သူလေးဦးထဲမှ တစ်ဦးအဖြစ်သိကြ၏။ အမည်အားဖြင့် နတ်မင်းထျန်းချီ!။

ကောလဟာလတွေအရတော့ ထျန်းချီရဲ့စရိုက်က ခန့်မှန်းရခက်ပြီး လောကကြီးကို ကယ်တင်ပေးတတ်သည့်အချိန်ရှိသလို တဖက်မှာလည်း ဖျက်ဆီးလိုတဲ့စိတ်ဆန္ဒရှိသည်။ ဥပမာ ကျူးယွေ့ဘုံကိုးဆင့်ကို လျှာရှည်ပြီးဖွင့်ပစ်ခဲ့တာကိုပဲကြည့်။ (ထျန်းချီက season 1မှာကတည်းက အဲ့လိုစရိုက်ပါပဲ)

သူ့ကို ဒီနှစ်တွေအတွင်းမှာ ကျီယွဲ့နတ်မင်းလို့ခေါ်ဝေါ်ကြပြီး သူဟာမသေမျိုးလောကမှာပဲအနေများပြီး မိစ္ဆာလောကဆီပြန်မလာတာကများသည်။ အထူးသဖြင့် အထက်ဘုံရှိချင်းချီနန်းတော်မှာပဲနေတာများ၏။(ကူချင်းကို ထိန်းနေရလို့ပါ lol)

ဒီနှစ်ပေါင်းနှစ်ရာလောက်ကြာမှပဲ သူဟာ ကျီယွဲ့တောင်ကိုပြန်လာပြီး အတွင်းအားကျင့်စဉ်ကို ဆက်လေ့ကျင့်တာပဲဖြစ်သည်။ ဒါပေမဲ့ မိစ္ဆာလောကရှိဘယ်သူကမှ ကျီယွဲ့တောင်ကိုလာပြီး သူ့ကိုထိပါးနိုင်စွမ်းမရှိပေ။

အခန်းတစ်ခုလုံးဟာတိတ်ကျသွားပြီး အားလုံးလည်း ကြောင်တောင်တောင်ဖြစ်သွားကြ၏။ ထိုအထဲမှအားယင်တစ်ယောက်သာ ဘုမသိဘမသိနဲ့ စိတ်အေးလက်အေးပုံပြနိုင်တာပင်။

သို့ပေမဲ့ ကူချင်းရဲ့မပြောင်းမလဲမျက်နှာထားကိုမြင်တော့ ချန်းချင်လည်း စိတ်ထဲမှာအံ့သြသွားမိသည်။ ကျန်အကြီးအကဲများကလည်းဒါကိုမြင်တော့ အရင်ကမကျေနပ်မှုတွေနဲ့ဒေါသတွေအနည်းငယ်လွင့်စင် ပပျောက်သွားကြ၏။ သူတို့ထင်ထားသည်က ကျီယွဲ့တောင်လို့ကြားသည်နဲ့ ကူချင်းတော့ လန့်ဖျတ်ပြေးလိမ့်မည်ဟု ထင်ထားခဲ့တာပင်။

သေချာတာကတော့ ချန်းချင်က ကူချင်းရဲ့ပုံစံအမှန်ကိုမသိထားတာကြောင့်ဖြစ်မည်။ ဖုန့်ရန်နဲ့ချန်းချင်က ဘယ်လောက်ပဲရင်းနှီးကျွမ်းဝင်ပါစေ ဒါမျိုးကိစ္စဆိုရင်တော့ ဖုန့်ရန်ကပါးစပ်လုံသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now