Cha-62

5.1K 977 27
                                    

[Unicode]

နောက်တစ်နေ့တွင် ယွီချင့်ဟွမ်သည် အိပ်ရာမှအစောကြီးနိုးထလာကာ လေဆိပ်သို့စောစောရောက်သွားသည်။

မနေ့ညတုန်းက သူတကယ့်ကို အိပ်ရေးပျက်ခဲ့ပါ၏။လေယာဉ်ကွင်းဧည့်စောင့်ခန်းထဲသို့ဝင်လေပြီးသောအခါ သူဟာဦးထုပ်နားပန်းကိုဆွဲချလိုက်ပြီး ကုလားထိုင်ကျောမှီတွင် မှိန်းနေခဲ့သည်။

သူအိပ်ပျော်ခါနီးဆဲဆဲတွင် ပြင်းထန်သောတွန်းတိုက်အားတခုကြောင့် ရုတ်တရက်နိုးထလာရသည်။ ထို့နောက်တွင် ကျောက်ချင်းယွမ်၏ စိတ်အနှောက်အယှက်ဖြစ်စရာအသံမှာ သူ့နားထဲဝင်ရောက်လာ၏။

"မနေ့ကမင်းဆီပို့လိုက်တဲ့ ဗီဒီယိုကိုတွေ့ပြီးပြီလား? ဘာဖြစ်လို့ ငါ့ဆီစာမပြန်တာလဲ? ဘာများ...”

သူက ရှင်းရှင်းလင်းလင်းပြောမထုတ်လာခဲ့ပေမယ့် သူမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေခြင်းနှင့် သူ၏မျက်နှာအမူအရာက အရာအားလုံးကို အဓိပ္ပါယ်ပေါ်လွင်သွားစေ၏။ယွီချင့်ဟွမ်သည် အနှီသူအား မျက်နှာခပ်တည်တည်ဖြင့် တချက်ကြည့်လိုက်သည်။

"မင်းလည်း လေယာဉ်မှီအောင် မနက် ၄ နာရီ ကြိုးစားထကြည့်ပါလား"

မနေ့ညက သူနဲ့ ဟော်ချွီသည် ညလယ်ခေါင်အထိ ထိုအရာကို လုပ်ဆောင်နေခဲ့ကြသည်။ နောက်ဆုံးတွင် ယွီချင့်ဟွမ်မှာ ရေအကုန်အစင်ညှစ်ထုတ်ခံလိုက်ရသော ငါးတစ်ကောင်ကဲ့သို့ခံစားလိုက်ရပြီး ဟော်ချွီကတော့ အားမာန်အပြည့်ဖြင့် ဖျတ်လတ်တက်ကြွနေဆဲပင်။

သူဟာ အရမ်းကိုမနာလိုမရှုစိမ့်ဖြစ်ခဲ့ရပြီး တစ်ချိန်တည်းမှာပင် စူးစမ်းလိုစိတ်ဝင်သွားရ၏။ဟော်ချွီမှ ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ထိုညစ်ညမ်းဗီဒီယိုအား လာပြသောအခါတွင်မှ ယွီချင့်ဟွမ်သည် ဒါတွေအားလုံးက ကျောက်ချင်းယွမ်စနက်ဖြစ်ကြောင်းကို သဘောပေါက်သွားရသည်။

ဒါကြောင့်ပဲ ဟော်ချွီမှာ အရင်က သူ့အား ဘယ်သူကမှသင်ပေးဖူးထားခြင်းမရှိဘဲ ဒီအရာကို ရုတ်တရက်ကြီးကျွမ်းကျင်အထာကျသွားတာလား?

ယွီချင့်ဟွမ်သည် အစပိုင်းမှာ ကျောက်ချင်းယွမ်နဲ့ စကားပြောချင်စိတ်မရှိပေမယ့် သူ့ရှေ့မှောက်မှာ သူ၏ဖြစ်တည်မှုကိုအမြဲလိုရှာနေလေ့ရှိတဲ့ အနှီလူရဲ့ကရားရေလွှတ်စကားသံတွေကို သူထိန်းချုပ်လို့မရနိုင်ပါပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now