Cha-63

5.1K 963 19
                                    

[Unicode]

ယွီချင့်ဟွမ်မှ သူ့မှာနှစ်သက်ရတဲ့သူရှိကြောင်း Roadshow တွင် လူသိရှင်ကြားပြောထုတ်ပြီးနောက်တွင် သူ့သူငယ်ချင်းများအားလုံးမှာ ဇောချွေးပျံကုန်ကြသည်။

ပရိတ်သတ်အများစုသည် ၎င်းတို့၏ idol များကို တဦးတည်းမောင်ပိုင်စီးလိုစိတ်ရှိကြသည်။ သူတို့ရဲ့ idol တွေမှာ ချစ်သူရည်းစားရှိနေတာ ဒါမှမဟုတ် အိမ်ထောင်ပြုထားတာ စတဲ့အချက်တွေကို ရိုးရိုးစင်းစင်းလက်သင့်မခံနိုင်ကြပါပေ။ ဒီလိုအခြေအနေမျိုးမှာ ထို Idol တွေဟာ ပရိသတ်တွေဆုံးရှုံးရုံသာမက Anti ဖန်များစွာကိုပါရလာနိုင်၏။

သို့သော် အံအားသင့်စရာကောင်းလောက်အောင် သူတို့ထိတ်လန့်နေရတဲ့ကိစ္စက ဘာမှဖြစ်မလာခဲ့ပါပေ။ ရုပ်ရှင်ဇာတ်ကားရဲ့ တရားဝင် Weibo အကောင့်မှာတင်ထားတဲ့ Roadshow ဗီဒီယိုကိုမြင်လိုက်ရတဲ့အခါ ယွီချင့်ဟွမ်ရဲ့ပရိသတ်အများစုဟာ ထူးထူးဆန်းဆန်း စိတ်အေးသက်သာရသွားကြပါ၏။

[ငါတကယ် ချင့်ဟွမ်အတွက် ဝမ်းသာမိတယ်။ နှစ်ပေါင်းများစွာသူတစ်‌ယောက်တည်းအထီးကျန်ခဲ့ရတာ။ အခု သူချစ်တဲ့သူနဲ့အတူရှိနေရတာ ပျော်နေလောက်ရောပေါ့]

[ချင့်ဟွမ်ပျော်ရွှင်နေသရွေ့ သူဘယ်သူ့ကိုပဲကြိုက်ကြိုက် ငါကန့်ကွက်စရာမရှိဘူး]

[အဲ့ဒီသူက ချင့်ဟွမ်ရဲ့အတွေးတွေကို သိရဲ့လားမသိဘူး။ သူမလည်း ချင့်ဟွမ်ကိုကြိုက်ပါစေလို့
မျှော်လင့်ရတာပဲ။ ချင့်ဟွမ်အတွက် ဆုတောင်းပေးနေတယ်။ အစစအရာရာအဆင်ပြေချောမွေ့ ကြပါစေလို့]

[သူ့မိဘတွေရဲ့အစား သူ့ကိုဂရုစိုက်ကြင်နာပေးမယ့်လူတစ်ယောက် သူ့ဘဝထဲဝင်လာဖို့ ငါအမြဲတောင့်တခဲ့တာ။ အခုတော့ အဲ့ဒီလူနောက်ဆုံးမှာပေါ်လာခဲ့ပြီ။ ရိုးရိုးသားသားပြောရရင် ငါနည်းနည်းမနာလိုဖြစ်မိပေမယ့် ချင့်ဟွမ်သာပျော်နေသရွေ့ ပိုထောက်ခံပေးသွားမယ်]

...

ကံကောင်းထောက်မစွာဖြင့် ယွီချင့်ဟွမ်သည် မျက်နှာသစ်တယောက်လမ်းကြောင်းကို ရွေးချယ်မှာမဟုတ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး သူ၏ရွေးချယ်မှုမှာမှန်ကန်နေခဲ့သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now