Cha-64

4.8K 986 67
                                    

[Unicode]

Roadshow တခုတွင် အဓိကဇာတ်ဆောင်များကသာ စင့်မြင့်ထက်နေရာယူထားသင့်ပေသည်။ ဒါရိုက်တာတက်ရောက်ခြင်း မတက်ရောက်ခြင်းက ကိစ္စကြီးကြီးကျယ်ကျယ်မဟုတ်လေပြီ။

ရုပ်ရှင်ဇာတ်ကားတစ်ကားတရားဝင်မဖြန့်ချီမှီ Roadshow ပွဲ တက်ရောက်ဖို့ ငွေကုန်ကြေးကျခံလက်မှတ်ဝယ်ယူမည့်သူများသည် ယေဘူယျအားဖြင့် အဓိကဇာတ်ဆောင်များ၏အမာခံပရိတ်သတ်များသာဖြစ်ကြသည်။

နန်ချန်းမြို့ရှိ 'The Line of Life and Death' Roadshow ပွဲသည် အံ့အားသင့်ဖွယ်မရှိအောင် ချောချောမွေ့မွေ့ပြီးဆုံးသွားလေသည်။ အမျိုးသမီးဇာတ်ဆောင်မရှိသော်လည်း လူတိုင်းက ယခုရလဒ်အတွက် အလွန်ဝမ်းသာကျေနပ်နေပုံရ၏။ စိတ်မကျေနပ်မှုတစုံတရာမရှိခဲ့ကြဘဲ ကောင်းချီးဩဘာသံများသာသိမ်းပိုက်ရရှိခဲ့လေသည်။

ဝမ်ချန်ချန်ရဲ့လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် သူတို့ရဲ့ထင်မြင်ယူဆချက်များကို ရုပ်ရှင်အဖွဲ့သားတွေမှ နောက်ဆုံးတွင်နားထောင်လာခဲ့ပြီဟူ၍ အွန်လိုင်းသုံးစွဲသူတွေ ဝမ်းမြောက်သွားကြသည်။

ထို့အတွက်ကြောင့် သူတို့သည် ဇာတ်ကား၏တရားဝင် Weibo စာမျက်နှာအောက်တွင် စာများအပြေးအလွှားချန်ထားရစ်ကြတော့သည်-

...

[ဘုရားမပေလို့ နောက်ဆုံးတော့ ဝမ်ချန်ချန်ရဲ့အပိုင်းတွေကို ကျော်ချစရာမလိုဘဲ Roadshow ပွဲကို အစအဆုံးကြည့်နိုင်ပြီ၊ လက်ခုပ်သံ!]

[ဝမ်ချန်ချန်မပါတာ ငါ့အတွက်အများကြီး ပိုကောင်းသွားတယ်။ သူမရဲ့တည်ရှိမှုက လေထုတစ်ခုလုံးကို အေးခဲသွားစေတယ်]

[ဒါရိုက်တာက ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ! ဒီအချက်တခုတည်းနဲ့တင် ဒီဇာတ်ကားကိုအားပေးဖို့ ငါလက်မှတ်ဝယ်ပြီပဲ!]

...

ယွီချင့်ဟွမ်၏မျက်နှာမှာ မိတ်ကပ်အကူအညီကြောင့် နာမကျန်းဖြစ်နေပုံမပေါက်ပေမယ့် သူ့အခြေအနေကတော့ဆိုးရွားနေဆဲပင်။ သူဟာအဖျားပိုးဝင်နေပြီး အပူကြီး၍ တကိုယ်လုံးနာကျင်ကိုက်ခဲနေ၏။ စင်ပေါ်မှာအချိန်တခုလောက်ရပ်ပြီးတာနဲ့ ချွေးဒီးဒီးကျနေလေပြီ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now