Cha-66

4.5K 889 24
                                    

[Unicode]

ဇာတ်လမ်းတစ်ခုလုံးကို အတိုချုံးမေးမြန်းပြီးနောက် ယွီချင့်ဟွမ်သည် ဟော်ယုံကို ဦးစွာဖုန်းခေါ်လိုက်ပြီး ဟော်ချွီကိုရှာတွေ့ပြီဖြစ်ကြောင်း စိတ်မပူရန်ပြောကြားခဲ့သည်။ ထို့နောက်တွင် ထိုင်အနားယူရအောင် ဟော်ချွီအား ထောင့်တစ်နေရာဆွဲခေါ်သွားလိုက်၏။

ဤဖြစ်စဉ်တစ်ခုလုံးတွင် ဟော်ချွီသည် ခေါင်းတချိန်လုံးငုံ့ထားပြီး ဒဏ်ရာရနေသောသမင်တစ်ကောင်ကဲ့သို့ နှုတ်ခမ်းများကိုတင်းတင်းကျပ်ကျပ်စေ့ပိတ်ထားသည်။ သူ့နှလုံးသားထဲတွင် ပြင်ပလောကကြီးတစ်ခုလုံးကို တွန်းလှန်ခုခံလိုစိတ်တွေနှင့် တဖန်ပြည့်နှက်နေခဲ့လျက်။

ယွီချင့်ဟွမ်မှာ သူ့အားနှစ်သိမ့်ဖို့ အလျင်စလိုမလုပ်ဘဲ ဟင်းရည်ဓါတ်ဘူးကိုဖွင့်ကာ အတွင်းအကန့်လေးထဲက ဇွန်းနှစ်ချောင်းကိုထုတ်ယူ၍ ဟော်ချွီအားတချောင်းပေးလိုက်သည်။

"လာ ဟင်းချိုနည်းနည်းသောက်"

ဓါတ်ဘူးမှာ အရည်အသွေးအလွန်ကောင်း၏။အချိန်အတော်ကြာပြီးနောက်တောင် အတွင်းမှ ဟင်းရည်သည်ပူနွေးနေဆဲဖြစ်ကာ အနံ့အရသာအလွန်ပြည့်စုံသည်။

ဟော်ချွီမှာ လမ်းပျောက်သွားခဲ့ပေမယ့် ဓါတ်ဘူးကိုတော့ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားဆဲဖြစ်တာကိုတွေးမိလိုက်စဉ် ယွီချင့်ဟွမ်ရင်ဘတ်ထဲ နွေးထွေးသွားရသည်။ ခေါင်းငုံ့၍ ဟင်းချိုတစ်ဇွန်းခပ်သောက်လိုက်ရာ သူ့တကိုယ်လုံး ခေါင်းကနေခြေဖျားအထိ လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။

“မြည်းကြည့်၊ တကယ်အရမ်းအရသာရှိတယ်”

ဟော်ချွီမှမလှုပ်မယှက် ဇွန်းကိုကိုင်ထားဆဲဖြစ်တာကိုမြင်လိုက်ရလျှင် အနားတိုးကပ်သွားပြီး သူကိုယ်တိုင်ပဲခွံ့တိုက်လိုက်တော့မည် ဆုံးဖြတ်လိုက်၏။ ဟင်းရည်ဇွန်းတဝက်ခပ်ယူလိုက်ပြီး ဟော်ချွီပါးစပ်နားတေ့ပေးလိုက်သည်။

"ပါးစပ်ဟ"

'အရသာရှိတယ်' ဟူသော စကားလုံးမှာ နောက်ဆုံးတွင် ဟော်ချွီစိတ်အာရုံအား ပြန်လည်ခေါ်ဆောင်လာသည်။ သူဟာတွန့်ဆုတ်စွာဖြင့် ပါးစပ်ဟပြီး ဇွန်းထဲကဟင်းရည်ကို သောက်လိုက်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now