Cha-67

4.8K 904 21
                                    

[Unicode]

အွန်လိုင်းက အတောမသတ်နိုင်တဲ့ကောင်းမွန်တဲ့သုံးသပ်ချက်များကျေးဇူးကြောင့် နေ့ခင်းကျော်သွားတာနှင့်တပြိုင်နက် 'The Line Between Life and Death' ၏ Box Office ဝင်ငွေသည် မိုက်မိုက်ကမ်းကမ်းခုန်တက်လာသည်။ အမြင့်ဆုံးမှာ ထိုနေ့ည ရှစ်နာရီမှ ကိုးနာရီအတွင်းဖြစ်ကာ တစ်နာရီအတွင်း 12 သန်းထိတိုးလာ၏။

Box Office ပထမနေ့ ရောင်းအားစာရင်းအင်းများ ထွက်လာသောအခါ လူတိုင်းမှာငုတ်တုတ်မေ့သွားကြရသည်။ ရုပ်ရှင်ရုံတွင် ပြသချိန်၏ 14% ကိုသာ ခွဲဝေသတ်မှတ်ပေးခံခဲ့ရသော်လည်း 'The Line Between Life and Death' သည် ပြသမှုပထမဆုံးနေ့တွင် Box Office ဝင်ငွေ သန်း 60 အထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ယခင်က လျိုကျားအန့်သည် ရုပ်ရှင်ရုံများနှင့် တလျှောက်လုံးညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သူဟာ ခုနစ်နှစ်ကျော်ကြာအနားယူထားပြီး ယခုကဲ့သို့ လူကြိုက်နည်းသည့်အကြောင်းအရာခေါင်းစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာတာကြောင့် ရုပ်ရှင်ရုံများသည် 'The Line Between Life and Death' အပေါ် အထူးတလည်ထင်မြင်ချက်ကောင်းကောင်းမရှိကြပေ။

လျိုကျားအန့်တွင် ယခင်အဆက်အသွယ်များစွာရှိခဲ့သော်လည်း ၎င်းတို့၏အကျိုးစီးပွားအတွက်ရှေးရှုလာသော် သူလည်း ထိုသူတို့ထံမှောက်တွင်အညံ့ခံရတာပင်။ ယခုလိုအခြေအနေမျိုးတွင် 'The Line Between Life and Death' အတွက် ဒီလိုရလဒ်မျိုးကိုရယူနိုင်ဖို့ဆိုတာ တကယ့်ကို အင်မတန်မှခက်ခဲတဲ့အရာဖြစ်၏။မီဒီယာတွေ သွေးရူးသွေးတန်းဖြစ်သွားကြသည်။ အင်တာနက်သုံးစွဲသူတွေလည်း သွေးရူးသွေးတန်းဖြစ်ကုန်ကြ၏။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းဝယ် ပြည်တွင်းရုပ်ရှင်များစွာမှာ အဆိုးမြင်ဝါဒီဖြင့် ဝေဖန်ကြည့်ရှုခံခဲ့ရသည်။ ပြည်တွင်းရုပ်ရှင်များနှင့်ပတ်သက်၍ ထင်မြင်သုံးသပ်ချက်အများစုမှာ ရိုက်ကူးမှုညံ့ဖျင်းခြင်း၊ ဇာတ်လမ်းမှာဟာကွက်များပြည့်နေခြင်းနှင့် ဒါရိုက်တာမှ ဘယ်လိုဇာတ်ကြောင်းမျိုးဖော်ပြလိုတယ်ဆိုတာ သူတို့နားမလည်ကြ‌ကြောင်းတို့ပင်ဖြစ်၏။

ယခင် 'Orange' မှာ ကောင်းမွန်သော သုံးသပ်ချက်များစွာရရှိခဲ့သော်လည်း ၎င်း၏လေးပင်သောဇာတ်လမ်းနောက်ခံကြောင့် အထူးရပ်သိရွာသိမဟုတ်ခဲ့ပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now