Cha-68

4.7K 856 45
                                    

[Unicode]

ကျောက်ရွေမှာ စူပါကပ်စေးနှဲကော်တရာဖြစ်၏။  ဤကဲ့သို့အခြေအနေမျိုးမှာတောင် ယွီချင့်ဟွမ်ဘရန်းသံတမန်ဖြစ်လာသည့်ဖြစ်ရပ်က သူနောက်ဆုံးတခေါက် ကာစီနိုတွင်ဆုံးရှုံးခဲ့ရသည့် ယွမ်ငါးသောင်းကိုပြန်အမှတ်ရသွားစေသည်။ ယွီချင့်ဟွမ်အား မနာလိုအူတိုစိတ်အပြည့်ဖြင့် သူစိုက်မကြည့်နေဘဲမနေနိုင်တော့ပါချေ။

ယွီချင့်ဟွမ်မှာ သူမျက်လုံးများဖြင့်တိုက်ခိုက်နေခြင်းကို မသိကျိုးကျွန်ပြုထားပြီး သူ့ထမင်းသူစားဖို့သာ အာရုံစိုက်နေ၏။  ဟော်ချွီနှင့်ဝမ်ရွေရွေ၏ ပန်းကန်များကိုပင် ထပ်ဖြည့်ပေးလိုက်သေးသည်။

ထိုအပြုအမူမှာ သူတို့နှင့်ဆန့်ကျင်ဘက်တွင် ဝိုင်တခွက်နဲ့ထိုင်နေသည့်ကျောက်ရွေအား သိသာထင်ရှားနေသည့်ကွဲပြားခြားနားချက်ကြောင့် ပိုလိုတောင်စိတ်ဆင်းရဲသောကရောက်နေပုံပေါက်သွားစေ၏။

သို့ပေမယ့် ဟော်ချွီကတော့ သူ့ချစ်သူအပေါ် ကျောက်ရွေစိုက်ကြည့်နေခြင်းအား သည်းညည်းမခံနိုင်ပါပေ။

ပရော်ဖက်ဆာဟော်၏စိတ်နှလုံးတွင် သူ့ချစ်သူမှာ လိုက်လံပိုးပန်းလိုသူအများအပြားကို ဆွဲဆောင်နိုင်သည့် ကမ္ဘာပေါ်တွင် အတောက်ပဆုံးသော စိန်တစ်ပွင့်ဖြစ်လေပြီး သူ့ချစ်သူအပေါ် အချိန်ပြည့်မျက်စိဒေါက်ထောက်စောင့်ကြည့်နေရမည်ဟူ၍။

ထိုအတွက်ကြောင့် ကျောက်ရွေအကြည့်များ ယွီချင့်ဟွမ်အပေါ် ထပ်မံကျရောက်လာသောအခါ မဖွင့်ဖောက်ရသေးသော ဝိုင်ပါကင်တဘူးသည် သူ့ရှေ့မှောက်သို့ ရုတ်တရက်ရောက်လာသည်။ 'ဘန်း' ဟူသော အသံက သူ့ပန်းကန်လုံးထဲက ဟင်းချိုကိုတောင် လှုပ်ခါသွားစေ၏။

ကျောက်ရွေ "???"
ဟော်ချွီ ‌ဘာလုပ်တာပါလိမ့်?

"ဒါကြီးက ငါ့မြင်ကွင်းကိုလာကွယ်နေတယ်!"

ကျောက်ရွေမှာရှုပ်ထွေးသွားရပြီး စက္ကန့်ပိုင်းလောက်ကြောင်စီစီဖြစ်နေပြီးမှ လက်ကိုဆန့်ထုတ်ကာ ထိုအရာကိုဆွဲဖယ်မလို့လုပ်လိုက်ပေမယ့် သူ့လက်ကို ဟော်ချွီမှလာရောက်ဖိထားလေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now