Cha-69

4.3K 896 71
                                    

[Unicode]

ယွီချင့်ဟွမ်မှာ ထိပ်တန်း A-lister တယောက်လယ်‌ဗယ်ဖြစ်နေပြီဖြစ်သော စုစုပေါင်းကြော်ငြာအခကြေးငွေ ယွမ် ၁၈ သန်းဖြင့် ၂နှစ်စာကြော်ငြာသက်တမ်းစာချုပ် Kenn နှင့် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့၏။

ယွီချင့်ဟွမ်ရဲ့အေးဆေးတည်ငြိမ်မှုနဲ့မတူကွဲပြားစွာ ယွီရှင်းမှာတော့ ရူးသွပ်တော့မလိုဖြစ်နေလေပြီ။ အနုပညာရပ်ဝန်းသို့ ချင့်ဟွမ်ခြေချပြီးတစ်နှစ်မပြည့်မီ ယခုလောက်အမြင့်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်သည်။ဒီလိုအခြေအနေမျိုးမှာ ယွီရှင်းအိမ်မက်ထဲတောင် ဘယ်သောအခါမှထည့်မမက်ခဲ့ဖူးသောအရာဖြစ်၏။

လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်၍ စာချုပ်တန်ဖိုးကို စိုက်ကြည့်နေရင်း သူငိုချမတတ်ဖြစ်နေခဲ့သည်။ အေးဂျင့်အဖြစ် အနှစ် ၂၀ ကျော်ရပ်တည်လာပြီးနောက် နောက်ဆုံးမှာ A-lister တယောက်ကို သူမွေးထုတ်နိုင်ခဲ့လေပြီ!

သူဟာ လူအများခြေဖဝါးအောက်အလွယ်တကူနင်းခြေခံရနိုင်‌ဖွယ်ရှိတဲ့၊ သူ့အနုပညာရှင်ကိုယ်တိုင်ကတောင်မှပစ်ပယ်ခြင်းခံခဲ့ရတဲ့၊ မန်နေဂျာအဖြစ်ကနေ အချိန်မရွေး အစားထိုးခံရမယ့်အန္တရာယ်ကြားကျရောက်နေတဲ့ အရင်ကယွီရှင်းမဟုတ်တော့။ နှစ်၂၀ကြာပြီးနောက် သူ ယွီချင်ဟွမ်နှင့် ဆုံဆည်းခဲ့ရ၏။ သူခံစားခဲ့ရသမျှထိုက်တန်ခဲ့ပါသည်။

သို့ပေမယ့် ယွီရှင်းမသိခဲ့သည်မှာ Starlight ရှိ အေးဂျင့်များမှ ယွီချင့်ဟွမ်အပေါ် ပစ်မှတ်ထားနေသည်မှာ ကြာညောင်းနေပြီဖြစ်ကြောင်းကိုပင်။ ထိုအထဲ တချို့ဆို ကုမ္ပဏီတွင်ရှယ်ယာများပါဝင်ကြသည့် နာမည်ကျော်လူသိများတဲ့ ‘ရွှေအေးဂျင့်များ’ ဖြစ်ကြ၏။ ယွီချင့်ဟွမ်၏အောင်မြင်ကျော်ကြားမှုမှာ အလွန်မြန်ဆန်လွန်းတာမို့ နောက်ထပ်စူပါစတားတစ်ယောက်ကိုမွေးထုတ်ဖို့ဆိုတာ သူတို့အတွက်မခဲယဉ်းလှ။

ယွီရှင်း၏ အစစ်အမှန်စွမ်းဆောင်ရည်က ဘယ်လိုဆိုတာ လူတိုင်းသိကြသည်။ ဤကဲ့သို့အလားအလာများစွာရှိတဲ့ အနုပညာရှင်တစ်ယောက်ကို သူ့လက်ထဲထားခြင်းက အင်မတန်ဖြုန်းတီးရာရောက်၏။ ထိုအတွက်ကြောင့် အချို့သောအေးဂျင့်များဆိုရင် ဟော်ယုံဆီ လူကိုယ်တိုင် တိုက်ရိုက်သွားရောက်တွေ့ဆုံခဲ့ကြသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now