Cha-70

4.7K 853 62
                                    

[Unicode]

ဟော်ချွီ၏မျက်ဝန်းများမှာ နက်မှောင်စူးရှလို့နေပြီး ယွီချင့်ဟွမ်အား မျက်တောင်မခတ် စိုက်ကြည့်လို့နေသည်။ သူ့အကြည့်များမှာစူးစိုက်မြဲမြံနေသဖြင့် နဂိုကတည်းက ရှက်သွေးဖြာနေပြီဖြစ်တဲ့ ချင့်ဟွမ်၏နှလုံးအိမ်ကို သွေးရူးသွေးတန်း ခုန်ပေါက်လာစေ၏။

သူ၏ပါးပြင်မှာပူထူလာပြီး မနေတတ်မထိုင်တတ်ဖြစ်စွာ အဝေးတနေရာကိုအကြည့်များ လွှဲဖယ်လိုက်ရင်း ရှက်ရွံ့နေမှုကိုဖုံးကွယ်ရန် စကားကိုမာရေကြောရေပြောဖို့ အားထုတ်ကြိုးပမ်းလိုက်သည်။

“ငါကမင်းကိုဘာဖြစ်လို့ဒီလိုခေါ်ရမှာလဲ! မင်းနဲ့ငြင်းခုန်နေဖို့အချိန်မရှိဘူး၊ ငါ့ကိုလွှတ်ပေးရင်ကောင်းမယ်နော် ဒီမှာရေသွားချိုးချင်နေပြီ!"

ဟော်ချွီမှာလွှတ်ပေးဖို့ငြင်းဆန်ရုံသာမက ချင့်ဟွမ်ကို သူ့ရှေ့သို့ တန်းနေအောင်ဆွဲခေါ်လိုက်ပြီး ခေါင်းနောက်ဘက်ကနေအုပ်ကိုင်ထား၍ သူ့အားအတင်းအကြပ်ကြည့်စေသည်။ ထို့နောက်တွင် အလေးအနက်မေးလာ၏။

"ချင့်ဟွမ် မင်းကိုယ့်ကိုလှည့်စားဖို့ကြိုးစားနေတာလား?"

ဟော်ချွီမှာ သူနှင့်အလွန်နီးကပ်နေသည်။ သူစကားဆိုနေစဉ် သူ၏ပူနွေးစွတ်စိုသောဝင်သက်ထွက်သက်များအား ယွီချင့်ဟွမ်မျက်နှာပေါ် ခံစားမိနေသည်မှာ ငှက်မွှေးတောင်လေးတချောင်းကဲ့သို့။ သူ့နှလုံးသားထဲမရိုးမရွဖြစ်သလို ခံစားလာရတဲ့အထိ ယွီချင့်ဟွမ်အားစနောက်ကျီစယ်နေလေ၏။

သူ့အသိစိတ်တွေ ဝေဝေဝါးဝါးဖြစ်လာပြီး ကဆုန်ပေါက်နေတဲ့ သူ့ရင်ခုန်နှုန်းတွေကို ဘယ်နည်းနဲ့မှ စည်းချက်ညီညီထိန်းချုပ်ထားနိုင်စွမ်းမရှိတော့။ စကားပြန်ပြောနိုင်ဖို့ သူအချိန်အကြာကြီးယူခဲ့ရပြီး

“ငါ၊ ငါ မဟုတ်ဘူး၊ ပေါက်ကရတွေမပြောနဲ့…”

နှုတ်ခမ်းများကိုသပ်လိုက်ပြီး ဟော်ချွီရဲ့လက်တွေကို အားအင်ချည့်နဲ့စွာဆွဲခွာ၍ အကြောင်းပြချက်တခုကို သူအနိုင်နိုင်ရှာတွေ့သွားရသည်။

"မနက်ဖြန်အလုပ်ရှိသေးတယ် မြန်မြန်ရေသွားချိုးပါရစေတော့ ပင်ပန်းလွန်းလို့အိပ်ချင်နေပြီ”

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now