Cha-71

4.3K 809 28
                                    

[Unicode]

အစောပိုင်းပရိုမိုးရှင်းဆင်းကောင်းခြင်းနှင့် ရုပ်ရှင်ပင်ကိုက ထူးချွန်ပြောင်မြောက်မှုတို့ကြောင့် 'The Line of Life and Death' ၏ Box Office ဝင်ငွေမှာ ဒုံးကျည်နှင့်ပစ်လွှတ်တင်လိုက်သလို နေ့စဉ်သန်းပေါင်းရာချီမြင့်တက်လာခဲ့သည်။ ဒါဟာ ရုပ်ရှင်နယ်ပယ်မှာတော့ တကယ့်ကို မကြုံစဖူးအံ့ဖွယ်ဖြစ်ရပ်ပင်။

ရုပ်ရှင်အမှုထမ်းများသာမက ပွဲကြည့်ပရိသတ်အပေါင်းကပါ ထိုမြင့်တက်လာမှုအား အလွန်အမင်း စိတ်အားထက်သန်စွာ စောင့်ကြပ်ကြည့်ရှုနေကြပြီး Box Office ဝင်ငွေသိရဖို့အတွက် အမျိုးစုံသောဆိုက်ပေါင်းစုံကို လှန်လှောရှာဖွေကြသည်။ အလွန်စိတ်ဂနာမငြိမ် ပျာယာခတ်လျက် ထိုဆိုက်များတွင် တနေ့ပြီးတနေ့ မှတ်တမ်းယူနေရခြင်းအပေါ် ခုံမင်စွဲလမ်းလျက်ရှိကြ၏။

လျိုကျားအန့်လမ်းဆုံးရောက်နေပြီဆိုတဲ့ မှတ်ချက်များမှာ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို anti ဖန်များမှာ တွင်းနက်ထဲတွင် စိတ်ပျက်လက်ပျက်ပုန်းကွယ်နေကြပြီး သူတို့၏ခေါင်းများကိုနောက်တဖန်မဖော်ဝံ့တော့။

ဇာတ်ကားထုတ်လွှင့်ဖြန့်ချိတာ လဝက်ပဲရှိသေးပေမယ့် 'The Line of Life and Death' ၏ box Office ဝင်ငွေမှာ ယွမ် ၄ ဘီလီယံကျော်ခဲ့လေပြီ။

တခြားသူမပြောလေနှင့် ယခင်ဘဝတွင်နေထိုင်ဖြတ်သန်းပြီးဖြစ်ကာ ဒီဇာတ်ကား အခုလောက်အတိုင်းအတာအထိပေါက်သွားလိမ့်မည်ကို စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့သော ယွီချင့်ဟွမ်ပင် ထိုကိန်းဂဏန်းများကိုမြင်လိုက်ရသည့်အခိုက်မှာ အံ့အားမသင့်ဘဲမနေနိုင်ဖြစ်သွားခဲ့ရသည်။

သိသင့်တာက သူ့ယခင်ဘဝ၌ ဤရုပ်ရှင်၏ box office သည် ယွမ် ၅.၅ ဘီလီယံ မကျော်ခဲ့တာကိုပင်။ သို့ရာတွင် အခုထက်ထိအရှိန်အဟုန်ကောင်းကောင်းဖြင့် မြင့်တက်နေဆဲရှိတာကိုကြည့်ရသလောက်တော့ အရင်စံချိန်ကိုချိုးရန်မှာ အထူးအထွေပြသနာမဟုတ်တော့။

"ဘယ်လိုလဲ ဒီကအကိုကြီးတော်တယ်မလား?"

ကျောက်ချင်းယွမ်မှာ ယခုဇာတ်ကား၏အောင်မြင်ကျော်ကြားမှုကိုအထောက်အပံ့ယူပြီး ချင်ကျန့်နှင့် တန်းညှိလို့ရသည့် တန်ဖိုးတခုအထိ တဟုန်ထိုးတက်သွားခဲ့သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now