Cha-72

4.2K 805 54
                                    

[Unicode]

အပြင်မှာတိမ်ထူထပ်ပြီး လေကြီးနေသည်မှာ မိုးသက်မုန်တိုင်းတခု ချဉ်းကပ်ဝင်ရောက်လာသည့်အလားထင်ရ၏။ ယွီရှင်းမှာ ယွီချင့်ဟွမ်အား တဂျီဂျီလုပ်ရင်း ရင်တထိတ်ထိတ်ဖြင့် ကားမောင်းနေခဲ့သည်။  

"ကျေးဇူးပြုပြီးမိုးမရွာပါစေနဲ့  မိုးသာရွာရင် ဒီနေရာမှာဘယ်လောက်ကြာကြာပိတ်မိနေမလဲဆိုတာ မပြောနိုင်ဘူး”

သူဟာမီးနီမှာကားရပ်ပြီး သူ့ဖုန်းကိုထုတ်လိုက်၏။

“Koi ကောင်းချီးရဖို့အတွက် မင်းရဲ့ပုံကို ငါ Weibo မှာ အမြန်တင်ရလိမ့်မယ်”

“ကော” ယွီချင့်ဟွမ်မှာ သူ့ကိုကြည့်ရင်း ရယ်ရမလို ငိုရမလိုဖြစ်နေသည်။ "ထားလိုက်စမ်းပါ ကျွန်တော်တယောက်လုံး ကောရဲ့ကားပေါ်မှာလေ”

ယွီရှင်းက ခေါင်းမာမာဆို၏။

“ဟင့်အင်း! တင်ကိုတင်ရမယ်! ဒါကို ‘ကာကွယ်မှုနှစ်ဆ!' လို့ခေါ်တယ်ကွ"

ယွီချင့်ဟွမ်, “ ... ”

ယွီချင့်ဟွမ်မှာ ယွီရှင်းကို ထပ်ပြီးအာရုံစိုက်မနေတော့ပေ။ သူမျက်လုံးထောင့်ကနေ ဟော်ချွီမှာ သူ့ဘေးနား မားမားမတ်မတ်ထိုင်နေတာကို သတိပြုမိသွားရ၏။ အကြင်သူအား မစဘဲမနေနိုင်ဖြစ်ကာ ဟော်ချွီရဲ့နံကြားအောက်ကိုတို့ထိပြီး သူမေးလိုက်သည်။

"ဒီလိုကြီးထိုင်နေရတာ မညောင်းဘူးလား? လာ ငါ့လိုထိုင် နောက်ကျောကိုခုံပေါ် မှီထားလိုက်"

ဘယ်နေရာထိုင်သည်ဖြစ်ပါစေ ဟော်ချွီမှာ အမြဲလို တူညီတဲ့ကိုယ်နေဟန်ထားအတိုင်းသာ။ ဤအရာမှာ ယွီချင့်ဟွမ် သူ့အား စသိကတည်းက ဘယ်သောအခါမှမပြောင်းလဲခဲ့။ ဟော်ချွီမှာ မျက်နှာတည်ဖြင့် ခေါင်းခါပြလာပြီး နည်းနည်းလေးတောင်မလှုပ်လာပေ။

ငြင်းပယ်ခံလိုက်ရပြီးနောက် ယွီချင့်ဟွမ်မှာ စိတ်မလျှော့သွားဘဲ ထိုအစား သိလိုစိတ်တွေပိုမိုပြင်းပြလာလျက် ပိုမိုရဲတင်းလာပြီး ဟော်ချွီနံရိုးအောက်ကို အဆက်မပြတ်တို့ထိကာ ယားယံခြင်းကြောင့် အနှီသူ၏ ထိုင်ပုံထိုင်နည်းပုံစံအနေအထားပြောင်းလဲသွား‌စေရန် ကြိုးပမ်းလုပ်ဆောင်နေလေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now