Ep - 1

7.9K 288 9
                                    

2010 ခုနှစ် ...

' ရှောင်းကျန့် ....'

ခဏ နားစွင့်ပေမယ့် အထဲက ဘာသံမှ မကြားရတာကြောင့် နောက်တစ်ခါ ထပ်ခေါ်လိုက်သည်။ ဒီတစ်ခါတော့ သာယာနာပျော်ဖွယ် မဟုတ်တော့တဲ့ အသံနဲ့ပေါ့။

'ရှောင်းကျန့် !!! ထ တော့။ သေ နေရမယ့် အချိန် မဟုတ်တော့ဘူး။'

' ဒုန်း !!!!
ဟဲ့ ... ဒီလောက် အော် နေတာ မကြားဘူးလား။'

' ထ ပြီ၊ ထ ပြီ။ ဘာလို့ အဲ့လောက် အော် နေရတာလဲ။'

' ဘာလို့ မအော်ရမှာလဲ။ နင့် အလုပ် နင် မသိဘူးလား။ သွား ... မျက်နှာ သွားသစ်။ ပြီးရင် ည က ခူးထားတဲ့ ဟင်းရွက်တွေကို ခြင်းထဲ သွားထည့်ထား။'

ရှောင်းကျန့် ခိုင်းတဲ့ အတိုင်းမလုပ်ရင် ထမင်း ငတ်ရင် ငတ်၊ မဟုတ်ရင် ကျောပူ၊ နားပူ မှာ သိတာကြောင့် အိမ်ရှေ့ အိုးထဲက ရေ ကို ခပ်ပြီး မျက်နှာကို သစ် ချလိုက်ပြီး လုပ်စရာ ရှိတာ အဆက်မပြတ်လုပ်သွားလိုက်သည်။

သူ့ကို ခိုင်းတဲ့ အတိုင်း အကုန်လုပ်ပြီးသွားတာတောင် မနက်ခင်းရဲ့ အလင်းရောင်တောင် မမြင်ရသေးပါ။ အိမ်ထဲကို ပြန်ဝင်လာပြီး အခန်းထဲကို လှမ်းကြည့်တော့ သူ့ အဒေါ် ပြန်အိပ်နေတာ မမြင်ရပေမယ့် သူ နဲ့ အသက် သိပ်မကွာတဲ့ သူ့ရဲ့ ဝမ်းကွဲ ညီအကို နှစ်ယောက် ဆန့်ဆန့်ကြီး အိပ်နေတာကို တွေ့လိုက်ရသည်။

' ဟဲ့ ... အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ခြင်းတောင်းထဲ အကုန် ထည့်ပြီးပြီလား။'

ရှောင်းကျန့် သူ့ကို မေးလာတဲ့ သူ့ အဒေါ်ကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ရင်းနဲ့ပဲ အဖြေ ပြန်ပေးလိုက်သည်။

ချင်းယင် သူ့ကို ခေါင်းညိတ်ပြလာတဲ့ သူ့တူကို ကြည့်ရင်း မဲ့လိုက်ပြီး ...

' ပြောလိုက်ရင် ပါးစပ်က ပြန်ဖြေ လို့ ပြောထားတယ်မလား။ မဟုတ်ရင် အခု ပေး တက်ထားတဲ့ ကျောင်းတက်ခွင့်ပါ ပျောက်သွားစေချင်တာလား။'

' ကျနော့် ကျောင်းစရိတ်က ပါး နဲ့ မား ဆုံးသွားလို့ အသက် အာမခံ ကြေးငွေ နဲ့ တက်နေတာပါ။ အဒေါ် ပေးမှ တက်ရတဲ့ ပုံစံမျိုးနဲ့ မပြောပါနဲ့။'

Love is Evil  ( Completed )Where stories live. Discover now