Ep - 22

1.4K 102 19
                                    

ဂျပန် ၊ တိုကျို

စမ်းသပ်ခန်း ရဲ့ အပြင်ဘက်မှာ အဖြေကို စောင့်နေကြတဲ့ လူတွေကလည်း ၂ နာရီ ဆိုတဲ့ အချိန်မှာ အကြာကြီးလို့ ထင်နေကြသည်။

ဒါပေမယ့် စမ်းသပ်ခန်းထဲက ဆရာဝန် တွေ အတွက်ကတော့ အဲ့ဒီ အချိန်က မလောက်ပါ။ စမ်းသပ်ခန်းထဲက ဆရာဝန်တွေ ချွေးတွေ ထွက်နေတာတောင် မသုတ်အားကြပဲ ထူးဆန်းတဲ့ ကိစ္စကို အဖြေရှာနေကြသည်။

ကုတင်ပေါ်က ကောင်လေးကတော့ မေ့ဆေး ပေးခံထားရတာကြောင့် အိပ်ပျော်နေပါတယ်။

!!! ကလစ် !!!

စမ်းသပ်ခန်း တံခါး ဖွင့်တာနဲ့ ခုန အပြင်ဘက်မှာ ဟိုလျှောက် ဒီလျှောက် လုပ်နေတဲ့ သခင်ကြီး ဆရာဝန် အနား ပြေးလာသည်။

' အခြေနေ ဘယ်လိုလဲ အောင်မြင်လား ...။'

ဆရာဝန် သူ့ဦးထုပ်ကို ချွတ်၊ နှာခေါင်းစည်းကို ချွတ်လိုက်ပြီး ခေါင်းရမ်းပြလိုက်သည်။

ဆရာဝန် ခေါင်းခါပြလိုက်တဲ့ အချိန်မှာ ဝမ်ရိပေါ် မျက်နှာ ပြုံးယောင်သမ်း သွားခဲ့တာ သူ ကိုယ်တိုင်တောင် မသိပါ။

' ဘာလို့လဲ ... သူ တကယ် ကိုယ်ဝန် မဆောင်နိုင်ပဲ လိမ်ခဲ့တာလား။'

' မဟုတ်ဘူး။ သူ့မှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ လက္ခဏာ တကယ် ရှိတယ်။ ဒါပေမယ့် အဲ့ဒါက အလုပ် မလုပ်တာ။ ကျနော်တို့ ဟော်မှုန်းဆေး ထိုးပြီး စမ်းသပ်လည်း ထူးခြားမှု မရှိဘူး။'

' ဘယ်လို ... အဲ့လို ကိစ္စလည်း ရှိတာပဲလား။'

ထိုစဉ် တရုတ်လို ပြောတတ်တဲ့ ဆရာဝန် က ပါ ဝင်ပြောလာသည်။

' ဟုတ်ကဲ့ ...။ ဖြစ်တတ်ပါတယ်။ သူက ယောကျာ်းလေး ဖြစ်ပြီး ကိုယ်ဝန်ဆောင် နိုင်ကတည်းက ထူးဆန်းနေပြီ။ အခုလို သူ့ ဟော်မုန်း အလုပ် မလုပ်တာကလည်း သူ ကိုယ်တိုင် အဲ့ လက္ခဏာ ကို လက်မခံတဲ့ စိတ် များနေတာ၊ ဒါမှမဟုတ် သူနဲ့ ဓာတ်တည့်တဲ့ သူ နဲ့ ပေါင်းစပ်တာ မရှိသေးလို့။ အဲ့နှစ်ခုပဲ ဖြစ်နိုင်ပါတယ်။'

ရိဖုန်း သူကတော့ ဂျပန် စကားကို ထမင်းစား ရေသောက်လောက်ပဲ သိတာကြောင့် အခုလို စကားတွေ အများကြီး ပြောသွားပြီဆိုရင်တော့ မျက်ကန်းလို ဖြစ်သွားပါတော့သည်။

Love is Evil  ( Completed )Where stories live. Discover now