Ep - 24

1.4K 105 6
                                    

လူ အများ ရှိနေပေမယ့် ကိုယ့်ဝိုင်းနဲ့ကိုယ် ထိုင်နေကြပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဘယ်သူမှ အနှောင့်ယှက် မပေးကြတဲ့ "ဘား" ထဲမှာ အဆင်မပြေကြတဲ့ လူ နှစ်ယောက် ရှိပါတယ်။

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် အပြင်ဘက်မှာတုန်းက ဂျပန် ကို စ လိမ်ထားတဲ့ ကိစ္စက "ဘား" ထဲ ရောက်တော့လည်း နှစ်ယောက်သား လူချင်း ခွါလို့ မရတော့ပါ။ ရှောင်းကျန့်လည်း အခုချိန် ဝမ်ရိပေါ် အနား က ခွါလို့ ပြောရင်တောင် မခွါရဲပါ။ ဘာလို့ဆို ဂျပန် က သူ့ကိုပဲ ကြည့်နေပြီး စကား မရှိ စကား ရှာပြောချင်နေလို့ပင်။

' မစ်စတာ ဝမ်ရိပေါ် ခင်ဗျားကိုတော့ တကယ် အားကျတယ်။ ခုလို အရမ်းချောတဲ့ ကောင်လေး ကို ဘယ်လိုများ ရှာထားတာလဲ။ ပြီးတော့ ခင်ဗျားတို့က တကယ်ကော ချစ်သူတွေ ဟုတ်လို့လား။'

ဂျပန် က သူပြောတာကို ဟိုဘက်ကြည့် ဒီဘက်ကြည့် လုပ်နေတဲ့ ကောင်လေးကို ကြည့်ပြီး ကောင်လေးက ဂျပန် စကား နားမလည်ဘူးဆိုတာ သိလိုက်သည်။ အဲ့ဒါကြောင့် တရုတ် လို ပြန်ပြောလိုက်တယ်။

' ကိုယ် ပြောတာ မင်းတို့က တကယ့် ချစ်သူတွေ ဟုတ်ရဲ့လားလို့။ မင်းတို့ မျက်ဝန်းတွေထဲမှာ တစ်ယောက်ကို တစ်ယောက် ချစ်တဲ့ အရိပ်ယောင်တွေလည်း မတွေ့ရဘူး။'

' တကယ် ဟုတ်တယ်။ တကယ် ဟုတ်တယ်နော် ပေါင်ပေါင်း ...။'

ရှောင်းကျန့် သူ့ကို ပေါင်ပေါင်း ဆိုပြီး ခေါ်လိုက်တဲ့ ဝမ်ရိပေါ်ကြောင့် မျက်ဝန်းတွေ အပြူးသားနဲ့ လှည့်ကြည့်လိုက်တော့ သူ့ခါးကို ဝမ်ရိပေါ် က ပိုတိုးဖက်လာတယ်။

ရိပေါ် သူ့ကို သွားစေ့ပြပြီး ဘာလုပ်တာလဲ ဆိုတဲ့ အမေး မျက်လုံးနဲ့ ကြည့်လာတဲ့ ရှောင်းကျန့် ကို ဟိုဘက် လူ မမြင်အောင် မျက်ရိပ် မျက်ကဲ ပြလိုက်သည်။

ရှောင်းကျန့် အဲ့တော့မှ သူ့လက်နှစ်ဖက်ကို ဝမ်ရိပေါ်ရဲ့ လည်ကုပ်မှာ တွဲချိတ်ပြီး ဂျပန် ဘက်ကို လှည့်ပြီး ခေါင်းညိတ်ပြရင်း...

' ဟုတ်တယ်။ ကျနော်တို့က တကယ် ချစ်သူတွေပါ။ ယုံအောင် ပြရမယ်ဆိုရင်တော့ ...။'

ရိပေါ် မထင်ထားတာကြောင့် ရှောင်းကျန့် သူ့ နှုတ်ခမ်းကို နမ်းလာတာကို တုန့်ပြန်ဖို့ သတိမရပဲ မျက်လုံး အပြူးသားနဲ့ပဲ မှင်သက်နေသည်။

Love is Evil  ( Completed )Where stories live. Discover now