Ep - 35

1.7K 105 14
                                    

" Sun Flower"

ရှောင်းကျန့် အိမ် အပေါ်ထပ်ကနေ ဆင်းလာတော့ ကျင်းပေါင် ကို ကောင်တာ မှာ မတွေ့ရတာကြောင့် အနောက်ကို သွားကြည့်တော့ တကယ်ပဲ ရှိနေတယ်။

' ကျင်းပေါင် ... ဒါဆို ကော သွားတော့မယ်။'

' သွားတော့မှာလား။'

' အင်း ... ခဏနေကျ နေပူလာမှာ။ ကား မရှိ၊ ဘာမရှိနဲ့ အပြင်မထွက်ချင်ဘူး။ အခုလို မနက်စောစော ပဲ သွားလိုက်တော့မလို့။'

' ဟုတ်ကဲ့ပါ။'

' အိုခေ ... ဒါဆို ကော သွားပြီ။'

ရှောင်းကျန့် သူ ဆိုင် တံခါး ဖွင့်ပြီး ထွက်လာတော့ ဆိုင်ရှေ့မှာ ကား တစ်စီး ထိုးရပ်လာတာနဲ့ ကွက်တိ ဖြစ်သွားတယ်။

ဆင်းလာသူ က ရိပေါ် !!!!

' ရှောင်း ... ဘယ်သွားမလို့လဲ။'

' မင်း မနက် စောစော စီးစီး ဘာလာလုပ်တာလဲ။'

ရိပေါ် သူ့လက်က နာရီကို တစ်ချက် ကြည့်လိုက်ပြီး ...

' မစောတော့ပါဘူး။ ဒါ ငါ အလုပ် လာတဲ့ အချိန်ပဲလေ။'

' အဲ့ဒါဆိုလည်း အလုပ် လာတာ အလုပ် သွားလေ။ ဒီကို ဘာလာလုပ်တာလဲ။'

' အသံ သွင်းပေးထားမယ်ဆို!!! အဲ့ဒါ လာယူတာလေ။'

ရှောင်းကျန့် ရုတ်တရက် ဝမ်ရိပေါ် ဘာတောင်းတာလဲ ချက်ချင်း နားမလည်ပါ။ ပြီးတော့မှ မနေ့ည သူ ရွဲ့ပြောထားတာကို သတိရသွားပြီး ဝမ်ရိပေါ် ကို သွား စေ့ ပြလိုက်ပြီး ...

' အဲ့ဒါ မင်း ကို ရွဲ့ပြောတာ။ အသံသွင်းထားပေးရအောင် ငါက ရူးနေတာမို့လို့လား။'

' မသိဘူးလေ။ ငါ့ကို ချစ်လာတဲ့ ဟော်မုန်းတွေ ဘာတွေများ ပြောင်းသွားတော့ စိတ် နည်းနည်းလေး မမှန်သွားတာလဲ ဖြစ်နိုင်တာပဲ။'

' ဝမ် ရိ ပေါ် !!!!။'

ရိပေါ် သူ့ကို အော် လာတဲ့ ရှောင်း ကြောင့် မျက်နှာချို ပြန်သွေးလိုက်ပြီး ...

' အဟီး ... ရှောင်း ကလည်း ငါက ချစ်လို့ စ တာကို။ ဒါပေမယ့် မင်း ရူးနေရင်တောင် ငါက ချစ်အုံးမှာပါ။'

ရှောင်းကျန့် မနက်စောစော စီးစီး သူ့ကို မျက်နှာ လာပြောင်နေတဲ့ ရိပေါ် ကို တကယ်ပဲ အမြင်ကပ်လာတာကြောင့် ဘာမှမစဉ်းစားတော့ပဲ လက်ထဲ ကိုင်ထားတဲ့ အိတ်ကို လွှဲ ပစ် လိုက်သည်။

Love is Evil  ( Completed )Where stories live. Discover now