Ep - 46 ( Final )

3K 91 12
                                    

Wang အိမ်တွင် ကလေး လေး တစ်ယောက် အိမ်ရဲ့ ဧည့်ခန်းထဲမှာ ခင်းထားတဲ့ ဖော့ဖျာပေါ်တွင် တွား သွားပြီး သူ့ အရုပ် ရှိရာကို သွားနေတယ်။

ရှောင်းကျန့် သားသား နဲ့ ဆော့ပေးနေတုန်း ရိပေါ်က ရုတ်တရက် ရောက်လာပြီး သားသား ကို ချီ မ လိုက်တယ်။

' ရိပေါ် ရယ် ... သားသား က သူ့ဘာသာ တွား သွား နေတာကို ထားလိုက်စမ်းပါ။ မင်း အဲ့လို ကောက် ကောက် ချီ နေရင် သူ ဘယ်တော့ သွား တတ်တော့မှာလဲ ...။'

' ဘာဖြစ်လဲ ... ပြီးကျရင် သူ့ဘာသာ လမ်းတောင် လျှောက်တတ်တော့မှာ။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ စကားကြောင့် မဲ့ လိုက်ပြီး ...

' လမ်းလျှောက်တတ်မယ့် အရွယ်ကျတော့လည်း သားသား က ထ လိုက်၊ ပြန်လဲကျ လိုက် ဖြစ်နေတာနဲ့ မင်းပဲ မကြည့်ရက်ဘူးဆိုပြီး ခုလို ကောက် ကောက် ချီ နေအုံးမှာ မြင်ယောင်နေပြီ။'

ရိပေါ် သူမှ သားသား ကို အနာ တရ မဖြစ်စေချင်တာ။ အဲ့ဒါကြောင့် အခု ရှောင်း ပြောတာကို ဂရုမစိုက်ပဲ သူ့ချီလိုက်တာနဲ့ သူ့မျက်နှာကို ကိုင်လာတဲ့ သားသား ရဲ့ လက်ကို ယူပြီး နမ်းလိုက်ရင်း ...

' ချီ လို့ ရတဲ့ အရွယ်မှာပဲ ချီ ရတာနော့် ...။ သားသား ကြီးလာရင် ဒက်ဒီ ချီ ချင်ရင်တောင် ချီ လို့ မရတော့ဘူး။'

ရိပေါ် သူ စကားပြောတာနဲ့ သူ့ကို ပြန်ပြောချင်လာတဲ့ သားသား က ပါးစပ် တပြင်ပြင် ဖြစ်လာတာကြောင့် သားသားကို ခေါ်ပြီး ဆိုဖာမှာ ကျကျ နန သွားထိုင်လိုက်သည်။

' မင်း သားသား ကို ထိန်းမယ် ဆိုလည်း ဆက်ထိန်းလိုက်အုံး။ ငါ သားသား အတွက် နေ့လည်စာ လုပ်ပေးအုံးမယ်။'

ရိပေါ် ရှောင်း ပြောမှ အနောက်ကို လှည့်မကြည့်ပဲ ပြန်အော်ပြောလိုက်သည်။

' လုပ်ပေးရင်လည်း အသစ် ထပ်လုပ်ပေးနော်။ မနက်က ဟာ ပြန်မနွှေးနဲ့တော့။'

' အေးပါ ငါ သိပါတယ်။'

~~~~~~~~~

ရှောင်းကျန့် ထမင်းစားခန်း ဘက် ဝင်လာတော့ အန်တီယွမ် က လှမ်းမေးလာတယ်။

Love is Evil  ( Completed )Where stories live. Discover now