Ep - 32

1.5K 103 8
                                    

Wang အိမ် ...

' ရှောင်းရှောင်း ...။'

' ပြော ...။'

' မနေ့ည မင်း နဲ့ ခီရှီ လက်ထပ်ကြမှာကို ငါ့ကို သဘောတူခိုင်းတယ်နော်။'

' အေးလေ ...။ ဘာလဲ !!! အခု မနက်ရောက်တော့ သဘောမတူတော့ဘူး ပြောမလို့လား။'

' မဟုတ်ဘူး ... မဟုတ်ဘူး။'

ရိပေါ် ရှောင်းရှောင်း စိတ်မဆိုးခင် လက် အမြန်ကာပြီး ပြောလိုက်ရင်း ...

' ဟိုလေ ... ဒီလိုပါ ...။'

ရှောင်းရှောင်း ခုမှ စကားပြောဖို့ အရေးကို တ ဟို ဟို နဲ့ မပြောရဲသလို ပုံဖမ်းနေတဲ့ ရိပေါ် ကို စိတ်မရှည်သလို ကြည့်လိုက်ပြီး ...

' ဘာဖြစ်နေတာလဲ။ ဝမ်ရိပေါ် မဟုတ်တဲ့ အတိုင်းပဲ။'

' ဒီလိုပါ ... ငါ့ကို ရှောင်းကျန့် က အခု ရှောင်ချင်နေတာ။ ဒါပေမယ့် ငါ့ဘက်ကတော့ သူ့ကို တကယ် ချစ်တယ်။ အဲ့ဒါကြောင့် ငါ ညနေကျရင် သူ့ကို လက်ထပ်ခွင့်တောင်းမလို့။ အဲ့ဒါ ... မင်း သူ့ကို ငါ ပြင်ဆင်ထားတဲ့ နေရာ ခေါ်လာပေးခိုင်းမလို့။'

' မင်း ... ရှောင်း ကို တကယ် ချစ်တာလား။ မဟုတ်လို့ ... အနား ခေါ်ပြီး အနုနည်းနဲ့ ထပ်နှိပ်စက်ချင်သေးလို့လား။'

ရိပေါ် သူ့ရဲ့ ညာဘက် လက်၃ချောင်း ထောင်လိုက်ပြီး ...

' ငါ ကျိန်ရဲပါတယ်။ ငါ သူ့ကို တကယ် ချစ်တာပါ။ ပြီးတော့ သူနဲ့ ငါ့ရဲ့ ပတ်သက်မှုကို မင်းလည်း သိနေပြီပဲ။ ငါ သူ့ကို ပြန်ပြီး တာဝန် ယူသင့်တယ်မလား။'

ရှောင်းရှောင်း အခု သူ့ကို လာပြောနေတဲ့ ရိပေါ် ရဲ့ မျက်နှာ၊ ပုံစံ နဲ့ အမူအရာ ကို ကြည့်ပြီး ရှောင်း အပေါ် တကယ် စိတ်ရင်းနဲ့ ခံစားရတယ်ဆိုတာ သူ ပါ ခံစားမိနေတယ်။

' မင်း ... ရှောင်း ကို ထပ်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်ရအောင် မလုပ်တော့ဘူးလို့ ကတိပေးရင် ငါ မင်း ပြောတာကို ကူညီပေးမယ်။'

' မလုပ်ဘူး။ ငါ သူ့ကို တကယ် ချစ်နေပြီ လို့ ပြောပြီးပြီလေ။'

' အင်း ...။ စောင့်ကြည့်အုံးမယ်။ တကယ်လို့ ရှောင်း သာ မင်းကြောင့် ထပ်ပြီး စိတ်ညစ်ရရင် ငါ သူ့ကို ဂျပန်ခေါ်သွားပြီး အဲ့မှာပဲ အပြီးနေလိုက်မှာ။'

Love is Evil  ( Completed )Where stories live. Discover now