Ep - 31

1.5K 108 15
                                    

" Sun Flower" ပေါင်မုန့် ဆိုင်

' ငါ့ကို ဆိုင်ထဲတောင် မခေါ်တော့ဘူးလား။'

' ဘာဝင်လုပ်မှာလဲ။ မင်းကို ရိလုံကလည်း ကြည်တယ်များ ထင်နေလား။'

' ငါက သူ့ကို ကြောက်နေတဲ့ ပုံ ပေါ်လို့လား။'

' မင်း ဘယ်သူ့ကိုမှ မကြောက်၊ ဘယ်သူရဲ့ ခံစားချက်ကိုမှ အချိန်ကုန်ခံပြီး ခေါင်းထဲ မထည့်ဘူးဆိုတာ သိပါတယ်။'

' ရှောင်းကျန့် ... မင်းကို ငါ တောင်းပန်ပြီးပြီလေ။ ဘာလို့ ငါ့ကို ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ စကားတွေပဲ ပြောနေရတာလဲ။'

' မင်း ငါ့ကို ပြုမူထားတဲ့ ကိစ္စက တောင်းပန်ရုံနဲ့ ပြီးသွားမယ့် ကိစ္စလား။'

' အဲ့ဒါဆို ငါ့ကို လက်ထပ်လိုက်။ ငါ လုပ်ထားတာ ငါ တာဝန် ယူမယ်။'

' ငါ မင်းကိုမှ မချစ်တာ ... ဘာလို့ လက်ထပ်ရမှာလဲ။'

ရိပေါ် ကြားလိုက်ရတဲ့ စကား ကြောင့် ရှောင်းကျန့် မယုံနိုင်သလို ကြည့်လိုက်ပြီး ...

' မင်း ငါ့ကို တကယ် မချစ်ဘူးလား။'

' မချစ်ဘူး။ ငါ့ နှလုံးသားက မင်း ပေးထားတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေတာ၊ မင်း ကို ချစ်ဖို့ အကောင်းတိုင်း မရှိတော့ဘူး။'

' ငါ မင်းကို အဲ့လောက်ထိ စိတ်ဒဏ်ရာ ရစေခဲ့တာလား။ အရင်က မင်း ကို ပြောဆိုတာတွေကတော့ မင်းလည်း သိတဲ့ အတိုင်းပဲလေ။ ငါ စကားပြောရင် အဲ့လိုပဲ ပြောတတ်တယ်ဆိုတာ။ ဒါပေမယ့် ငါတို့ နှစ်ယောက် ပတ်သက်တဲ့အချိန်မှာတော့ ငါ မင်းကို တကယ် ချစ်တဲ့ စိတ်နဲ့ပါ။'

' အဟက် !!!!!'

ရှောင်းကျန့် လှောင်ရယ်လိုက်ပြီး ...

' ဟုတ်လား ??? မင်း ရှောင်းရှောင်း မသေဘူးလို့ သတင်းရမှ လျှာအရိုးမရှိတဲ့ စကားတွေ လာပြောတာကို ယုံရအောင် ငါ့ကို အရမ်း အ တယ်လို့များ မြင်နေတာလား။'

' ငါ မင်းကို ဘာပြောပြော မင်း ယုံမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ့ကို လက်ထပ်လိုက်။ ငါ မင်းကို တကယ် ချစ်နေတာဆိုတာ မင်း ခံစားလို့ ရလာလိမ့်မယ်။'

Love is Evil  ( Completed )Where stories live. Discover now