Ep - 44

1.4K 74 3
                                    

အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနား မြို့၊ Mayo ဆေးရုံတွင် ကွန်ဒို တိုက်ခန်း တစ်ခုစာမျှ ရှိတဲ့ အခန်းမှာ အမျိုးသား ကိုယ်ဝန်ဆောင် နှစ်ယောက် ကုတင် တစ်ခုစီနဲ့ မွေးဖွားမယ့် အချိန်ကို စောင့်နေကြတယ်။

အဲ့ဒီ အခန်းထဲမှာ ဂျပန် ဘက်က ယောက္ခထီး နဲ့ ယောက္ခမ ကလည်း သူတို့ရဲ့ ပထမဆုံး မွေးလာမယ့် မြေးဦး ကို တွေ့မြင်ရဖို့ လာစောင့်နေကြတယ်။

ရိပေါ် မွေးဖွား ဖို့အတွက် တိုကင် နံပတ် ပတ်ထားတဲ့ ရှောင်း ရဲ့ လက်ကို ဆုပ်ကိုင်ပြီး တစ်ချက် နမ်းလိုက်ရင်း ...

' ရှောင်း ... ကြောက်နေလား။'

' မကြောက်ပါဘူး။ ငါတို့ တစ်ပတ်တောင် ကြိုပြီး ဆေးရုံ လာတက်ထားတာပဲ။ ပြီးတော့ ငါ တစ်ယောက်တည်း မဟုတ်ဘူးလေ။ ရှောင်း တိ လည်း ပါ ပါတယ်။'

' အင်း ...။ ဘာမှ မကြောက်နဲ့နော်။ ငါလည်း မင်းဘေးမှာ လိုက်စောင့်နေမှာ။'

' အင်း ... တကယ်လို့ video ရိုက်ခွင့် ရှိရင် အစ အဆုံး ရိုက်ထားနော်။'

' အင်းပါ။'

ဝမ်ရှောင်းရှောင်း ကိုတော့ ခီရှီရော သူ့အဖေ အမေ ရော ဟိုဘက် ဒီဘက် ရပ်ပြီး အားပေးနေတာကြောင့် သူ့ကိုတောင် မမြင်ရတော့ပါ။

ခဏအကြာတွင် မွေးဖွားဖို့ အတွက် သူတို့ နှစ်ယောက်ကို ခွဲခန်းကို လာခေါ်သွားကြတယ်။

~~~~~~~~~

ခွဲခန်းထဲ ရောက်သွားတော့ မွေး လူနာ နှစ်ယောက်က ပထမဆုံး ကိုယ်ဝန်လည်း ဖြစ် ၊ ယောကျာ်းလေး ကိုယ်ဝန်ဆောင်လည်း ဖြစ်တာကြောင့် ထုံဆေးနဲ့ဆို တစ်ခုခု လွှဲချော်မှာ စိုးလို့ မေ့ဆေး ပေးခံထားရတယ်။

ရိပေါ် နဲ့ ခီရှီ လည်း သူတို့ကို သူတို့ ကလေး မွေးတဲ့ အချိန် မှတ်တမ်းတင်ခွင့် ရတာကြောင့် ဆရာဝန် တွေ ခွဲဖို့ စ ပြီ ဆိုတာနဲ့ သူတို့လည်း ကင်မရာ ဖွင့်လိုက်ကြသည်။

~~~~~~~~~

အပြင်မှာ စောင့်နေကြတဲ့ သခင်ကြီး နဲ့ သခင်မကြီးလည်း အထဲက မထွက်မလာ မချင်း ထိုင် မနေနိုင်ကြပဲ ဟိုလျှောက် ဒီလျှောက် လုပ်နေကြတယ်။

Love is Evil  ( Completed )Where stories live. Discover now