Ep - 7

1.9K 123 6
                                    

"Sun Flower" ပေါင်မုန့် ဆိုင်ရှေ့တွင် ကောင်လေး တစ်ယောက် လက်တစ်ဖက် မုန့်ထုတ်ကိုင်ရင်း ကျန် လက်တစ်ဖက်က ကိုက်ပြီးသား ပေါင်မုန့် ထုတ် ကိုင်ထားပြီး လမ်း ကြည့်ရင်း လမ်းကူးဖို့ လုပ်နေတယ်။

ထိုစဉ် ...

' ဒူ ... ဒူ ... ဒူ ...'

ရှောင်းရှောင်း ဘောင်းဘီ အိတ်ထောင်ထဲ ထည့်ထားတဲ့ ဖုန်းမြည်လာတာကြောင့် လက်မှာ ကိုင်ထားတဲ့ စားလက်စ ပေါင်မုန့်ကို ပါးစပ်ထဲ ထည့်ကိုက်ထားပြီး တုန်နေတဲ့ ဖုန်း ကို နှိုက်ယူကြည့်လိုက်တော့ သူ့ သူငယ်ချင်း ...

ရှောင်းရှောင်း ပါးစပ်ထဲကိုက်ထားတဲ့ မုန့် ကို ယူပြီး အိတ်ထဲ ထည့်ပြီးမှ ဖုန်းကို အမြန်ကိုင်လိုက်သည်။

' ဟလို ...'

ဟိုဘက်က ကုတင်ပေါ်မှာ နေပြီး စောင်တစ်ထည်ကို အတူခြုံထားတဲ့ လူ နှစ်ယောက် "ဟလို" ထူးသံ ကြားတာနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ဖုန်းကို နှစ်ယောက်လုံး ကြားအောင် စပီကာ ဖွင့်လိုက်သည်။

' ရှောင်းရှောင်း !!!.'

ရှောင်းရှောင်း ကြားလိုက်ရတဲ့ အသံကြောင့် ဖုန်းကို နားနဲ့ ပြန်ခွါပြီး ကြည့်လိုက်သည်။ ဖုန်းခေါ်လာတာက သူ့သူငယ်ချင်း ပါ ...။

' ဝူယွင် လား?.'

' ငါလည်း ရှိတယ် ရှောင်း ...။ ဝူယွင် က မင်း နဲ့ တွေ့ချင်လို့ ဆိုပြီး မင်း ငါ့ဆီမှာ နေ နေသေးတယ်ထင်ပြီး ရောက်လာတာ။ အဲ့ဒါကြောင့် အခု မင်းကို အပြင်သွားဖို့ ခေါ်မလို့။'

' ရှောင်းရှောင်း ... ကိုယ့်ဖုန်းက ဘာဖြစ်သွားတာလဲ မသိဘူး။ မင်း ကို ခေါ်မလို့ လုပ်တော့မှ အသံက မကြားရတော့တာ။ အဲ့ဒါကြောင့် စီးခေါဝ် ရဲ့ ဖုန်းနဲ့ ခေါ်လိုက်တာ။ တစ်မျိုး မထင်ဘူး မလား။'

ရှောင်းရှောင်း ဝူယွင် ပြောမှ ဝူယွင် အပေါ် ထားတဲ့ သူ့အပြုအမူက သိသာ သွားသလားဆိုပြီး ရှက်သွားပြီး အမြန်ပြန်ပြောလိုက်သည်။

' အာ ... ဝူယွင် ကလည်း ကျနော်က ဘာထင်ရမှာလဲ။'

ဝူယွင် ကတော့ သားကောင် က ကျော့ကွင်းထဲ ဝင်လာနေပြီ ဖြစ်တာကြောင့် ကျေနပ်နေတဲ့ မျက်နှာနဲ့ ဖြစ်နေသလောက် စီးခေါဝ် ကတော့ မြွေမြွေချင်း ခြေမြင်တယ်ဆိုသလို ရှောင်း အခု ရှက်နေမှာကို သိပြီး မျက်နှာက အလိုမကျ ဖြစ်နေပါတယ်။

Love is Evil  ( Completed )Where stories live. Discover now