Ep - 12

1.5K 124 6
                                    

Wang အိမ်တွင် ...

' ဒေါက် ... ဒေါက် ...'

' ဝင်ခဲ့ ...။'

ရိပေါ် ဝင်ခဲ့ လို့ ပြောတာနဲ့ ခွက် တစ်ခွက် နဲ့ ပန်းကန် တစ်ခု ကိုင်ရင်း ဝင်လာတာက ရှောင်းရှောင်း ...။

' ရိပေါ် ... ဒီမှာ ငါ မင်း အတွက် ကော်ဖီ နဲ့ မုန့် ယူလာပေးတယ်။ အလုပ် လုပ်ရင်း စားရအောင်လို့ ...။'

ရိပေါ် Laptop ကြည့်နေရင်းကနေ သူ့ အနား လာပြီး လိုချင်တာ ရှိလို့ မျက်နှာ လာလုပ်တဲ့ အသံနဲ့ ရှောင်းရှောင်း ကို မျက်လုံး တစ်ချက် လှန်ကြည့်ရင်း ...

' ဘာ လုပ်ချင်နေပြန်ပြီလဲ ...။ ဒီနေ့တော့ ရှောင်းကျန့် ကို ညာပြီး အိမ် ထပ်မခေါ်လောက်ပါဘူး။'

' အဟီး ... ရိပေါ် ကလည်း ...။'

ရှောင်းရှောင်း သွားဖြီး ပြရင်း၊ ကော်ဖီ ခွက် နဲ့ မုန့် ပန်းကန် ကို အလုပ်စားပွဲပေါ်မှာ ချပြီး လူ ကတော့ ရိပေါ် အနား စွေ့ခနဲ ရောက်သွားရင်း ရိပေါ် ရဲ့ ပုခုံး ကနေ လက်မောင်းထိ မနာအောင် ထု ပေးနေတယ်။

' ပြော ... ဘာအလိုရှိတာလဲ ...'

ရှောင်းရှောင်း ပြောရမလား မပြောရဘူးလား စဉ်းစားလိုက်သည်။ မပြောရင်လည်း သူ နဲ့ ရိပေါ် ဘယ်တော့မှ ပွင့်လင်းမှာ မဟုတ်တော့ပါ။

' ဟိုလေ ...'

' အင်း ...'

' ငါ့ကို ဝူယွင် က ရည်းစား စကား ပြောထားတယ်။'

' အင်း ...'

' တကယ်တမ်း သူ ငါ့ကို ချစ်တယ် ပြောလာတော့လည်း ငါက အဲ့လောက်ကြီး ရင်မခုန်တော့ဘူး။'

' အဲ့တော့ ... အခုက ငါ့ကို ဘာပြောချင်နေတာလဲ ...။'

' သူ ငါ့ကို အဖြေတောင်းနေတယ်။ အဲ့ဒါ ငါ ဘယ်လို လုပ်ရမလဲ ...။'

ရိပေါ် ရှောင်းရှောင်း ဘက်ကို သေချာလှည့်ကြည့်ရင်း ...

' မင်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြန်ပြောလိုက်ပေါ့။ မချစ်ရင် မချစ်ဘူး အပြတ်ပြောလိုက်၊ မဟုတ်ရင် တစ်ဖက်လူကို မျှော်လင့်ချက် ပေးသလို ဖြစ်နေမှာ။ ပြီးရင် မင်းလည်း စိတ်ထဲ တနုံ့နုံ့ ဖြစ်နေမှာ။'

Love is Evil  ( Completed )Where stories live. Discover now