Ep - 17

1.4K 107 2
                                    

Wang အိမ်တွင် ...

ရိပေါ် သူနဲ့ ရှောင်းရှောင်း ဧည့်ခန်းမှာ TV ထိုင်ကြည့်နေကြတုန်း အိမ်မှာ ခိုင်းထားတဲ့ ကောင်မလေး ခွဲလာပေးတဲ့ အသီး ပန်းကန် ကို မကြည့်ပဲ ခက်ရင်း နဲ့ တစ်ခြား နေရာ ထိုး ထိုး ရှာနေတဲ့ ရှောင်းရှောင်းကြောင့် ...

' ရှောင်းရှောင်း ဘာဖြစ်နေတာလဲ ...။'

' ဟင် !!.'

ရှောင်းရှောင်း သူ့ကို ရိပေါ် ခေါ်နေတယ်ဆိုတာ သိတော့ သိတာကြောင့် မျက်ဝန်း သေနဲ့ ကြည့်ပြီး ...

' ရိပေါ် ဘာပြောလိုက်တာလဲ ...။'

' မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ စိတ်နဲ့ လူနဲ့ မကပ်သလို ဖြစ်နေတာလဲ ...။ ငါ မနက်ဖြန် ဂျပန် သွားမှာကို သွားရ မဖြောင့်အောင် လုပ်နေတာလား။'

ရှောင်းရှောင်း ရိပေါ် ပြောမှ သူ အတွေး နယ်ချဲ့နေတာကို ရပ်ပြီး မျက်နှာပြန်ပြင်လိုက်ရင်း ...

' ဘာမှ မဖြစ်ပါဘူး။ မင်း သွားစရာ ရှိတာ သွားပါ။'

' ငါနဲ့ လိုက်ခဲ့ လိုက်ပါလား။'

ရှောင်းရှောင်း ပြန်မဖြေသေးပဲ နဂါးမောက်သီး စိတ်ကို ထိုးကော်ပြီး စားလိုက်ရင်း ...

' ငါ ဂျပန် မကြိုက်တာ မင်း သိပါတယ်။ တစ်ခြားနေရာသာဆို လိုက်သွားပြီ။ အခုက ဂျပန် မို့လို့ ...။'

' ဒါဆို အိမ်မှာ ကောင်းကောင်း နေခဲ့။ ငါလည်း မကြာပါဘူး။'

' အေးပါ ...။ ငါ ကလေး မဟုတ်တော့ပါဘူး။ ဒါပေမယ့် မနက်ဖြန် ရှောင်း ကို ဝယ်လာပေးတဲ့ ပစ္စည်း သွားပေးရမှာ။'

' ဘာတွေ ဝယ်လာတာလဲ ...။ သူ ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ဘယ်လို သိမှာလဲ ...။'

' ရှောင်း က အထဲခံ တီရှပ် ကို အပေါ်ထပ် ရှပ် လက်ရှည် အပါး ထပ်ဝတ်ရတာ ကြိုက်ပုံ ရတယ်။ အဲ့ဒါကြောင့် တီရှပ် လက်တိုကို အရောင်စုံ ဝယ်လာတယ်။ ပြီးတော့ အပြင်ထပ် လက်ရှည် အပါး ကို ဒေါင်လိုက် အစင်းကြားလေး ရောင်စုံ ဝယ်လာတယ်။'

' ရှောင်းကျန့် က ယူကော ယူမှာလား ?.'

' ယူမှာပါ။ ဒါက ဘာမှ စျေးကြီးတာ မဟုတ်ဘူးလေ။ ပြီးတော့ မင်း ဝယ်ပေးတာမှ မဟုတ်တာ။'

Love is Evil  ( Completed )Where stories live. Discover now