Ep - 33

1.6K 93 12
                                    

Wang အိမ်တွင် ညစာ စားပြီးတော့ ဧည့်ခန်းမှာ TV ကြည့်ရင်း ရှောင်းရှောင်း က အသီး ထပ်စားနေပြီး၊ ရိပေါ် ကတော့ TV က လာတဲ့ သတင်းတွေကို အာရုံစိုက် ကြည့်နေတယ်။

' ရိပေါ် !!!!.'

' ဘာလဲ ... စားစရာ ရှိတာ အေးဆေး စားနေစမ်းပါ။ ငါ ဒီမှာ သတင်း နားထောင်နေတယ်။'

' မင်း ဘယ်တော့ အိမ်ကနေ အလုပ် နားခိုင်းထားတဲ့ အန်တီ ယွမ် တို့ကို ပြန်ခေါ်မှာလဲ။ တစ်နေ့ တစ်နေ့ အပြင်ကနေ ဝယ် ဝယ် စားနေတာ ငါ့ ပါးစပ် အရသာ ပျက်တော့မယ်။'

' ဒီလကုန် ပြန်လာခိုင်းထားတယ်။'

' ဟွန့် !!!! ရှောင်း ကို နှိပ်စက်ချင်တာနဲ့ပဲ အိမ်မှာ အလုပ် လုပ်တဲ့ လူတွေကို အိမ်ပြန်ပြီး အေးဆေး နေခိုင်းတယ်တဲ့။ မင်း ကမှ IQ တွေ နိမ့်သွားတာ။'

' အဲ့လိုပဲ ရှောင်းကျန့် နဲ့ ပတ်သက်ရင် နှလုံးသားကိုပဲ ဦးစားပေးတော့ ဦးနှောက်က သိပ်အလုပ် မလုပ်တော့ဘူး။'

ရှောင်းရှောင်း ရိပေါ် ရဲ့ စကားကြောင့် စား ထားတဲ့ နှင်းသီးတွေတောင် လည်ပင်း နား ပြန်ရောက်ကုန်တယ်။

' မင်း လည်းနော် အခုမှ တော်တော် အရှက်မဲ့လာတယ်။'

' ငါ ပြောတာ မကြားချင်ရင် မင်း လည်း ပါးစပ်ကို စားဖို့ပဲ အလုပ် ပေး။ မဟုတ်ရင် ငါ ရှောင်းကျန့် ကို ဘယ်လို ပိုးပန်းမယ် ဆိုတာက အစ ပြောနေမှာ။'

' စားဖို့ပဲ အလုပ်ပေးလို့ မရဘူး။ မင်း ကို ပြောစရာ ရှိတယ်။
မနက်ဖြန် ခီရှီ နဲ့ သူ့ မိဘ တရုတ်ကို လာမှာ။ ငါ့ကို လာတောင်းမှာ။ အဲ့ဒါ မင်း အလုပ် မသွားနဲ့။'

ရိပေါ် အဲ့တော့မှ ခေါင်းထဲ အတွေးတစ်ခု ဝင်သွားသည်။

' မင်း ရဲ့ မင်္ဂလာကိစ္စ ပြောမှာကို မင်း အရမ်းချစ်တဲ့ ရှောင်းကျန့် ကိုကျ လာပြီး နားမထောင်ခိုင်းတော့ဘူးလား။'

ရိပေါ် ရဲ့ အကြံကို မသိပဲ သူ့အတွက် ကောင်းတာကိုတွေးပေးတယ် ဆိုပြီး ကျေးဇူးတင်နေတဲ့ ရှောင်းရှောင်း ... ခုမှ ရှောင်း ကို ခေါ်ဖို့ သတိရသွားတယ်။

' ဟုတ်သားပဲ။ ငါ ရှောင်း ကို ဖုန်းဆက်ပြောအုံးမယ်။'

ဖုန်းဆက်မယ်ဆိုပြီး ထ ဖို့ ပြင်နေတဲ့ ရှောင်းရှောင်း ကို ရိပေါ် လှမ်းဆွဲလိုက်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now