Ep - 30

1.7K 102 9
                                    

ရိပေါ် ခန်းမ ထဲက ထွက်လာပြီး သူ့ကားဆီ လာဖို့ လုပ်တော့ ...

' ဝမ် သူဌေး !!!.'

ရိပေါ် သူ့ နာမည် ခေါ်လာလို့ လှည့်ကြည့်ရင်း ရပ်စောင့်နေလိုက်သည်။

' ဝမ် သူဌေး က ပြန်တော့မလို့လား။'

ရိပေါ် သူ ဒီတစ်ယောက်နဲ့ သိပ်ပြီး စကား များများ မပြောချင်ပေမယ့် ဒီနေ့ရဲ့ မင်္ဂလာပွဲက မပြီးသေးတာကြောင့် ခပ်ပြတ်ပြတ်လည်း မပြောချင်။ အဲ့ဒါကြောင့် ခပ်တည်တည် မျက်နှာ ထားပြီး ပြန်ပြောလိုက်သည်။

' ဟုတ်တယ်။ ကျနော် company ကို ပြန်သွားရမှာ။'

' ဟုတ်လား ? ကိုယ် လိုက်လို့ ရလား။'

' ခင်ဗျား က ဘာလိုက်လုပ်မလို့လဲ။ ကား ထပ်ဝယ်မလို့လား။'

' ဝယ် ရမလား ?.'

ရိပေါ် သူ တမင် ပြောလိုက်တာကို သူ့ကိုတောင် ပြန်ရွဲ့ပြောလာတဲ့ တစ်ယောက်ကြောင့် စိတ်ပျက်တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပြီး ...

' ခင်ဗျား အဲ့လောက် ပိုက်ဆံ ရှိနေရင် ဘာလို့ စျေး လျော့ပေးဖို့ ပြောနေရသေးတာလဲ ...။'

' အဲ့ဒါ ကိုယ် မင်း ကို တွေ့ချင်လို့ ပြောတာလို့ ပြောပြီးပြီလေ။'

ရိပေါ် သူ့ကို မရယ် မပြုံးနဲ့ ပြန်ပြောလာတဲ့ တစ်ယောက်ကို ထပ်ကြည့်လိုက်ပြီး ...

' အခု တွေ့ပြီလေ။ ခုန လည်း ခန်းမ ထဲမှာ တစ်ဝိုင်းတည်း ထိုင်ခဲ့ပြီးပြီ။ ခင်ဗျား ဘာတွေ ထပ်ပြောစရာ ရှိနေသေးလို့လဲ။'

' အခုလို အခြေနေ ရောက်တာတောင် ကိုယ် ဘာပြောချင်နေလဲ ဆိုတာ မရိပ်မိဘူးလား။'

' ရိပ်မိတယ်။ ဒါပေမယ့် ကျနော့် ဘက်က ဘာမှ ပြောစရာ မရှိလို့ မသိသလို နေ နေတာကိုရော ခင်ဗျား က မရိပ်မိဘူးလား။'

' ဘာဖြစ်လို့လဲ ? မင်းမှာ လက်ရှိ ဘယ်သူမှ မရှိနေဘူးလေ။ ပြီးတော့ ကိုယ့်မှာ ပိုက်ဆံ ရှိတယ်။ မင်း လည်း ပိုက်ဆံ ရှိတယ်။ ပိုက်ဆံ ချင်း ပိုက်ဆံ ထပ်ရင် ပိုမကောင်းလာဘူးလား။'

ရိပေါ် သူ့ကို ပိုက်ဆံ အကြောင်း လာပြောတဲ့ တစ်ယောက်ကို နှုတ်ခမ်း တစ်ဖက် တွန့်ရုံ ပြုံးလိုက်ပြီး ပိုက်ဆံ သိပ်မရှိတဲ့ ရှောင်းကျန့် ကို သတိရသွားတယ်။

Love is Evil  ( Completed )Where stories live. Discover now