Ep - 9

1.6K 118 4
                                    

"Sun Flower" Bakery Shop ...

' ဒေါက် ... ဒေါက် ... ရှောင်း ...'

' ဒေါက် ... ဒေါက် ... ထ တော့ ...။'

ရှောင်းကျန့် တံခါးခေါက်သံကြောင့် မျက်လုံး မဖွင့်ပဲ စောင်ကို ခေါင်းမြီး လုံအောင် ပြန်ဆွဲခြုံပြီး position ထပ်ပြောင်းအိပ်လိုက်သည်။

သေအောင် ခေါက်စမ်း အလုပ်ပိတ်ရက် လေးမှာ နားရတာ စောစော ထ စရာလား။

!!! ကလစ် !!!

ရိလုံ သူ ခေါက်တဲ့ တံခါးက မဖွင့်လာပဲ ဘေးက တံခါးက ဖွင့်လာပြီး ထွက်လာတဲ့ ကျင်းပေါင် ကြောင့် ဘာတွေ ဘယ်လောက် ပြင်ဆင်ပြီး ဘယ်သွားမလဲ မသိ၊ ရေမွှေး နံ့က နှာခေါင်းထဲ အလုံး အရင်း ဝင်လာပါတယ်။

' အဟွတ် ... အဟွတ် ...'

ကျင်းပေါင် တံခါး ပြန်ပိတ်နေတုန်း ချောင်းဆိုးသံကြောင့် လှည့်ကြည့်လိုက်ပြီး ...

' ကော ... ဘာလုပ်နေတာလဲ။ ကျနော့်ကို လာနှိိုးမယ်ဆို မလိုဘူး။ ကျနော် က ဝိရိယ ရှိပြီးသား။'

ရိလုံး တစ်ကိုယ်လုံး ကြွရွနေအောင် ပြင်ဆင်ထားတဲ့ သူ့ညီကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ပြီး ...

' မင်း အဲ့လောက် ပြင်ဆင်ထားတာ ဘယ်သွားမလို့လဲ။ ကျောင်း တစ်ရက် တစ်လေ ပိတ်တာ ဆိုင်မှာ နေပါလား။'

ကျင်းပေါင် ပွစိ ပွစိ ပြောနေတဲ့ သူ့ ကော ကို လက် နှစ်ချောင်း ထောင်ပြလိုက်ပြီး ...

' ကျောင်း က ၂ ရက်၊ ၂ ရက် ပိတ်တာ။ အဲ့ဒါကြောင့် ဒီနေ့တော့ အပြင်သွားမယ်။ မနက်ဖြန် ဆိုင်မှာ နေပေးမယ်။ သွားပြီ ...'

' ကျင်းပေါင် ...

ကျင်းပေါင် ... နေအုံး ...။'

ရိလုံ သူ့ကို လက်ပြရင်း အောက်ဆင်းသွားတဲ့ ကျင်းပေါင် ကို အော် ခေါ်ရင်း နောက်က လိုက်ဆင်းသွားလိုက်သည်။

' ကျင်းပေါင် ...'

' ကော ကလဲ ... ဘာလဲ ...။ ကျနော် ပြောပြီးပြီလေ မနက်ဖြန်မှ ဆိုင်မှာ နေပေးမယ်လို့။'

' နေအုံး ... မနက်စာလဲ မစားပဲ ဘယ်သွားမလို့လဲ။ ထမင်း မစားချင်လဲ မုန့် နဲ့ ကော်ဖီ သောက်သွား။ ခုံမှာ သွားထိုင်စောင့်နေ ကော ယူလာပေးမယ်။ ပြီးတော့ သုံးစရာ ကော ရှိသေးလား။'

Love is Evil  ( Completed )Where stories live. Discover now