Ep - 28

1.6K 103 8
                                    

Wang အိမ်တွင် ညအခါ မှာ ကောင်းကင်မှာ ကြယ်တွေ စုံပြီး လမင်းကြီး ကလည်း ကြယ်တွေ ခြံရံပြီး သာယာနေသလောက် ...

ရည်းစား ဖြစ်ခါနီး လူ ကလည်း ဖြစ်ခါနီး အခွင့်ရေးလေးတောင် မရှိတော့တဲ့ လူနဲ့ ...

ပါး ရိုက်ခံထားရလို့ နာတာ မဟုတ်ပဲ သူ့ ပါးပေါ်ကို တင်သွားတဲ့ လက်ဝါး ရာ လေး ကျန်လို ကျန်ငြား ပါး ပွတ်ရင်း ရှေ့ဆက် ပြန်အဆင်ပြေအောင် ဘယ်လို လုပ်ရမလဲ စဉ်းစားနေတဲ့ လူ နဲ့၊ အိမ်ကြီးထဲမှာ တစ်ယောက် တစ်နေရာ နေပြီး နည်းလမ်း မျိုးစုံ အကြံထုတ်နေကြသည်။

' ဒူ ... ဒူ ... ဒူ ...။'

' တီ !!!!.'

ရိဖုန်း သူ ဆက်တိုင်း ဖုန်း ဝင်ပေမယ့် ပြန် ပြန်ချပစ်တဲ့ ကျင်းပေါင်ကြောင့် မျက်နှာက သုန်မှုန်နေတယ်။ ဆရာ နဲ့ ရှောင်းကျန့် ကိစ္စ သူနဲ့မှ မဆိုင်တာလေ။ သူ ခုလို တစ်ဖက်သတ် အဆက်သွယ် ဖြတ်ခံရဖို့ တန်လို့လား။

ရိဖုန်း သူ့ဖုန်းကို မကိုင်တဲ့ ကျင်းပေါင် ကို မက်ဆေ့ ပို့ပြီး ချော့ဖို့ တွေးရင်း message box ဖွင့်လိုက်သည်။

📩 ကျင်းပေါင် ... ကိုယ့်ဖုန်း ကို ခဏလေးပဲ ကိုင်ပေးပါကွာ။ ဆရာ နဲ့ ရှောင်းကျန့် ကိစ္စက ကိုယ်နဲ့မှ မဆိုင်တာ။ ပြီးတော့ အရင်ရက်တွေမှာလည်း ရှောင်းကျန့် ရဲ့ သတင်းတွေ ကိုယ် ပြောပေးတယ်လေ။ ကိုယ့်ကို ဆရာ့ ကိစ္စမှာ မရောလိုက်ပါနဲ့နော်။

ရိဖုန်း စာရေးပြီးတာနဲ့ sent လိုက်သည်။

၁ မိနစ်

၂ မိနစ်

၁၀ မိနစ် .... မက်ဆေ့ ကတော့ ပြန်မဝင်လာပါ။

ရိဖုန်း ဖုန်းထပ်ခေါ်တော့လည်း ထပ် ချပစ်တာ ခံရပါတယ်။

~~~~~~~~~~

!!! ဒင်း ...

ဒင်း ...!!!

ရိပေါ် စိတ်ပျက် လက်ပျက်နဲ့ လသာဆောင် က ဒရင်းပက်မှာ လဲရင်း ကြယ်တွေ ကြည့်ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေတုန်း WeChat noti အသံကြောင့် ဘောင်းဘီ အိတ်ထောင်ထဲက ဖုန်းကို ထုတ်ယူကြည့်လိုက်တော့ ရှောင်းရှောင်း ဆီက ...

ရိပေါ် ဖွင့်ကြည့်လိုက်တော့ သူတို့ ပြင်သစ်မှာ လည်ထားတဲ့ ပုံတွေ ပို့လာတာ ဖြစ်နေတယ်။ ပို့လာသမျှ ပုံတွေ အကုန်ကြည့်ပေမယ့် ရှောင်းကျန့် ပုံတော့ ပါမလာခဲ့ပါ။

Love is Evil  ( Completed )Where stories live. Discover now