Ep - 16

1.4K 102 3
                                    

ကလေး ကစားကွင်းဘေးမှာ လူ နှစ်ယောက် ခြေဆင်းထိုင်နေကြသည်။

' မင်း ကို နောက်ထပ် ထပ်တွေ့ရဖို့က ခက်လိုက်တာ။'

' ဘယ်လို ...။'

' ဟုတ်တယ်။ မုန့်ဆိုင်က တွေ့ပြီးနောက် ... မင်းကို ကောင်လေး တစ်ယောက်နဲ့ စားသောက်ဆိုင်ထဲ လာတာ နောက်တစ်ခါ ထပ်တွေ့တယ်။ အဲ့တုန်းက နှုတ်ဆက်လို့ ကောင်းတဲ့ အခြေနေ မဟုတ်တော့ ကိုယ် မင်းကို မနှုတ်ဆက်တာ။'

ရှောင်းရှောင်း ခြေဆင်းထားတဲ့ ခြေထောက် နှစ်ဖက် ခပ်လှုပ်လှုပ် လှုပ်ရင်း ...

' ဘာလို့ ကျနော့် ကို ထပ်တွေ့ချင်တာလဲ မေးရင် ခင်ဗျားကို လမ်း ဖွင့်ပေးလိုက်တယ်များ ထင်သွားမလား။'

ခီရှီ ကောင်လေးရဲ့ စကားကြောင့် ပြုံးလိုက်ပြီး ...

' မင်း ခုလို ပြောလာတော့လည်း ကိုယ်လည်း ပွင့်ပွင့် လင်းလင်း ပြောတော့မယ်။

ဟုတ်တယ် ...။ မင်း ကို ပထမဆုံး စ တွေ့ကတည်းက စိတ်ဝင်စားတာ။ အခု မင်းနဲ့ စကားပြောရတော့ မင်းရဲ့ ပွင့်လင်းတဲ့ ပုံစံကြောင့် သဘောကျသွားပြီ။ မင်းသာ နောက်ထပ် တစ်ခွန်း နှစ်ခွန်း ထပ်ခြွေရင် မင်း ကို ချစ်ပါ ချစ်မိသွားမယ် ထင်တယ်။'

' အဟွန်း ...။'

ရှောင်းရှောင်း အဲ့လူရဲ့ စကားကြောင့် သဘောကျစွာ ရယ်လိုက်ပြီး ...

' ခင်ဗျား က ဂျပန် လူမျိုးဆိုတဲ့ အတိုင်း ဘာလုပ်လုပ် မြန်တယ်နော်။ လူ တစ်ယောက်ကို တစ်ခါ နှစ်ခါလောက်ပဲ တွေ့ပြီးတာလည်း သဘောကျချင် ကျသွားတာပဲ။'

' မင်း ကိုယ့်ကို ယုံမှာ မဟုတ်ဘူးဆိုတာ သိတယ်။ အဲ့ဒါကြောင့် ကိုယ်တို့ ဖုန်းနံပတ် လဲ ထားကြမယ်။ ဒီကြားထဲ ကိုယ်က ဂျပန် ပြန်ရအုံးမှာ။ ပြီးရင် ချက်ချင်း ပြန်လာမယ်။ မင်း ကို ကိုယ် တကယ် သဘောကျတယ်ဆိုတာ မင်း ယုံပြီး ကိုယ့်ကို ပြန်ပြီး သဘောကျလာတဲ့ အထိ မင်း ကို လာပိုးပန်းမယ်။'

' ဒါဆို ... တကယ်လို့ ကျနော် က မပြန်နဲ့ ပြောရင်ရော ...။'

' မပြန်ရင် မင်း ကိုယ့်ကို ပြန်သဘောကျမယ်ဆို အခုပဲ ဒက်ဒီ ဆီ ဖုန်းဆက်လိုက်မယ်။'

Love is Evil  ( Completed )Where stories live. Discover now