Ep - 39

1.3K 82 6
                                    

ဝမ် အိမ်တွင် တစ်အိမ်လုံး မီးတွေ ထိန်ထိန် လင်းနေပြီး ခြံထဲမှာ လက်တွဲပြီး လမ်းလျှောက်နေကြတဲ့ အတွဲ တစ်တွဲ ရှိသလို လသာဆောင် မှာ ရှိတဲ့ ဒရင်းဘတ် ပေါ်မှာ ခြေဆင်းပြီး လဲလျောင်းရင်း ကြယ်တွေ ကြည့်နေတဲ့ အတွဲ လည်း ရှိတယ်။

' ရိပေါ် ငါ မင်း ကို င်္အကျီ နဲ့ ဖိနပ် ဝယ်လာပေးသေးတယ်။'

' ဟုတ်လား ...။ မင်း ကို ဒီနေ့ ရှောင်းရှောင်း ဘယ်တွေ ခေါ်သွားတာလဲ။'

' ငါတို့ ဘယ်မှ မသွားကြပါဘူး။ ကုန်တိုက်ပဲ သွားတာ။ ပြီးတော့ အဲ့မှာပဲ နေ့လည်စာ စားပြီး အိမ် ပြန်လာတာ။'

' ဒီနေ့ တစ်နေကုန် လမ်းလည်း လျှောက်ပြီးပြီ ဆိုတော့ အခု ခဏ ထပ်လျှောက်ပြီးရင် အိမ်ထဲ ဝင်ကြမယ်။'

ရှောင်းကျန့် ခေါင်းညိတ်လိုက်ပြီးမှ ကောင်းကင် ကို မော့ကြည့်လိုက်ပြီး ...

' ဒီနေ့ ည ကြယ်တွေ ထွက်တာ စော နေသလိုပဲနော်။ ည သိပ်မနက်သေးတာတောင် ကောင်းကင်မှာ ကြယ်တွေ တော်တော် များနေပြီ။'

' အင်း ...။'

ရိပေါ် အင်း လိုက်ပြီး ဆုပ်ထားတဲ့ ရှောင်းရဲ့ လက်ကို နမ်းလိုက်တော့ လက်က အေးနေတာကြောင့် သူ့င်္အကျီ အိပ်ကပ်ထဲ ထည့်ထားလိုက်သည်။

' ရှောင်း ... ကျန်တဲ့ လက်ကို မင်း င်္အကျီ ထဲ ထည့်ထား။ မင်း လက်တွေ အေးနေတယ်။'

' အရမ်း မအေးပါဘူး။'

' အရမ်း မအေး လည်း ထည့်ထား။ လမ်းလျှောက်တော့ လေ တွေ တိုက်တယ်။'

~~~~~~~

' ရှောင်းရှောင်း ... မနက်ဖြန် အိမ် သွားကြည့်ရအောင်။'

ရှောင်းရှောင်း ခီရှီ ရဲ့ ရင်ဘတ်မှာ ခေါင်းတင်ထားနေတုန်း ခီရှီရဲ့ စကားကြောင့် ခေါင်းထောင်ပြီး ခီရှီရဲ့ မျက်နှာကို ကြည့်လိုက်ရင်း ...

' တကယ် အိမ် ခွဲနေရမှာလား။'

' ဘာလို့လဲ ...။ မခွဲချင်တော့ဘူးလား။'

' ကျနော် ရှောင်း ကို မခွဲနိုင်ဘူး ထင်တယ်။'

ခီရှီ ရှောင်းရှောင်း ရဲ့ ခေါင်းကို ပြန်ချထားပြီး ပွတ်သပ်လိုက်ရင်း ...

Love is Evil  ( Completed )Where stories live. Discover now